မလေးရှားမှာ မြန်မာလုပ်သား အမှုန့်ကြိတ်စက်ထဲကျ သေဆုံး

မလေးရှားနိုင်ငံ ဂျလန် ပန်ကက် Jalan Puncak ဒေသက အုတ်ဖုတ်စက်ရုံတခု မှာ မြန်မာ အလုပ်သမားတဦး မနေ့က အမှုန့်ကြိတ်စက်ထဲကျလို့ သေဆုံးသွားပါတယ်။

မလေးရှားနိုင်ငံ ဂျလန် ပန်ကက် Jalan Puncak ဒေသက အုတ်ဖုတ်စက်ရုံတခုမှာ မြန်မာ အလုပ်သမားတဦး မနေ့က အမှုန့်ကြိတ်စက်ထဲကျလို့ သေဆုံးသွား ပါတယ်။

အသက် ၃၁ နှစ်ရှိ အဲဒီမြန်မာနိုင်ငံသားအမည်က ကိုညီညီအောင် ဆိုသူဖြစ်ပြီး ပွဲခြင်းပြီးသေဆုံးသွားခဲ့တယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ အချိန်က နေ့လည် ၁ နာရီလောက်မှာဖြစ်ပြီး အုတ်ဖုတ်စက်ရုံကို ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်သွားတဲ့အခါ အမှုန့်ကြိတ်စက်ထဲမှာ ညှပ်နေတဲ့ မြန်မာအလုပ်သမားရဲ့ ရုပ်အလောင်း ကို ဝန်ချီစက်သုံးပြီး ထုတ်ယူရတယ်လို့ ဆိုပါတယ်။ ဖြစ်ပွားပုံအသေးစိပ်ကို မလေးရှားရဲက စုံစမ်း စစ်ဆေးနေ တယ်လို့ ဒေသခံအရာရှိတဦးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org