လှေစီးဒုက္ခသည်အရေး ဆွေးနွေးပွဲ အဖြေမထွက်ပဲ ပြီးဆုံး

ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယ သမုဒ္ဓရာတွေကိုဖြတ်သန်းပြီး အာရှတိုက် ကတခြားနိုင်ငံတွေကို ဥပဒေမဲ့သွားရောက် ကြသူတွေအရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ဆွေးနွေးပွဲဟာ အဖြေမထွက်ပဲ မနေ့က ပြီးဆုံး သွားပါပြီ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၂၉ ရက်နေ့ကကျင်းပခဲ့တဲ့ ရွှေ့ပြောင်းသူတွေ အရေး နိုင်ငံတကာဆွေးနွေးပွဲကို တွေ့ရစဉ် Photo:Pimuk/ RFA

ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဓရာတွေကိုဖြတ်သန်းပြီး အာရှတိုက်ကတခြားနိုင်ငံတွေကို ဥပဒေမဲ့ သွားရောက်ကြသူတွေအရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ဆွေးနွေးပွဲဟာ အဖြေမထွက်ပဲ မနေ့က ပြီးဆုံးသွားပါပြီ။

အဓိကအားဖြင့် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံကနေ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြဖို့အတွက် လူမှောင်ခိုတွေကိုငွေပေးပြီး ထွက်လာကြသူတွေ ရာနဲ့ချီကာ ဒီနှစ်အတွင်း ပင်လယ်ပြင်မှာရေနစ်သေဆုံးခဲ့ရတဲ့အတွက် အာဆီယံကိုယ်စားလှယ်တွေ ဘန်ကောက်မှာ တွေ့ဆုံပြီး အဖြေရှာခဲ့ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက မြန်မာနဲ့ တခြားသက်ဆိုင်ရာနိုင်ငံတွေ စုပေါင်းဆောင်ရွက်ရမယ့် စီမံချက်တစ်ခုကို တင်ပြခဲ့ပေမယ့် သဘောတူညီချက် မရခဲ့ဘူးလို့ ထိုင်းနိုင်ငံခြာရေးဌာန အမြဲတမ်းအတွင်းဝန် ချင်ဝှမ်နို Chinwanno ကပြောပါတယ်။

အဲ့ဒီ စီမံချက်မှာ ဥပဒေမဲ့ခိုးဝင်သူတွေကို တားဆီးကာကွယ်ရေးနဲ့ လူမှောင်ခိုဂိုဏ်းတွေကို ထိထိရောက်ရောက်နှိမ်နှင်းရေး ကိစ္စတွေပါဝင်တယ်လို့ဆိုပါတယ်။  ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရားမဝင်ခိုးဝင်သူတွေကိစ္စကို ဖြေရှင်းရေးအတွက် ဒေသဆိုင်ရာ နိုင်ငံတွေအနေနဲ့ ၂ ဆတိုးကြိုးပမ်းဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။

မုတ်သုန်ရာသီကုန်ဆုံးပြီဖြစ်လို့ ပင်လယ်ပြင်ကိုဖြတ်ကူးမယ့် ဒုက္ခသည်တွေလိုက်ပါတဲ့ စက်လှေတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအနောက်ပိုင်း ဒေသတွေကနေ စတင်ထွက်ခွာကြတော့မယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတက်ရောက်တဲ့ ကုလသမဂ္ဂ အရာရှိတစ်ဦးကလည်း ပင်လယ်ထဲရောက်တဲ့ လှေစီးဒုက္ခသည်တွေ ကူညီရေးကိုပဲ ဆွေးနွေးနေကြတယ်။ တကယ်တော့ အဓိကအကြောင်းရင်းတရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ တရားဝင်နေထိုင်ခွင့်မရတဲ့ပြဿနာကို ဖြေရှင်းဖို့လိုတယ်လို့ ပြောကြားခဲ့ကြောင်း ရိုက်တာသတင်း မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org