အင်ဒိုနီးရှား ထောက်ပံ့ပစ္စည်းပို့မှု မြန်မာ အသိအမှတ်ပြု
အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်တွေ အတွက် ထောက်ပံရေးပစ္စည်းကုန်သတ္တာ ၁ဝ လုံး ပေးပို့ လိုက်တာကို ကျေးဇူးတင်ရှိပါကြောင်း အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ထွန်းက ဂျာကာတာမြို့မှာမနေ့က ထုတ်ဖေါ်ပြောကြားပါတယ်။
-
2016-12-31 -
-
-
အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်တွေအတွက် ထောက်ပံရေးပစ္စည်းကုန်သတ္တာ ၁ဝ လုံး ပေးပို့လိုက် တာကို ကျေးဇူးတင်ရှိပါကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ထွန်း က ဂျာကာတာမြို့မှာ မနေ့က ထုတ်ဖေါ်ပြောကြားပါတယ်။
အင်ဒိုနီးရှားအနေနဲ့ ရခိုင်ပြည်နယ်က ပြဿနာကို ကူညီဖြေရှင်းပေးမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း အခုလို ပစ္စည်းတွေ ပေးပို့တာကို အသိအမှတ်ပြုပါကြောင်း၊ပို့လိုက်တဲ့ အစားအစာ၊ အဝတ်အထည် ကုန်ပစ္စည်းတွေနဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကိုအနည်းဆုံး တလခန့် ထောက်ပံ့နိုင်မှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အခြေအနေ နဲ့ပတ်သက်ပြီး ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတာကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် အဲဒီဒေသကို သွားရောက်ကြည့်ရှုခဲ့ပြီး ဖြစ်တဲ့အတွက် ပကတိအခြေအနေမှန်တွေကို သိရှိခဲ့ပြီးဖြစ်ပါကြောင်း စသဖြင့် မြန်မာသံအမတ်ကြီး က ပြောဆိုခဲ့ပါတယ်။
မောင်တောဒေသကို အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Mausudi ရိနို မာစူးဒီမကြာခင်က သွားရောက်ခဲ့ ပြီးနောက် ထောက်ပံ့ရေးပစ္စည်းတွေကို အင်ဒိုနီးရှားသမတ JokoWidodo ဂျိုကို ဝီဒိုဒိုက ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဂျာကာတာဆိပ်ကမ်းကနေ သင်္ဘောနဲ့တင်ပို့လိုက်တာဖြစ်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာစူးဒီ တို့ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲကအသီးအပွင့်ပါပဲလို့လည်း မြန်မာ သံအမတ်ကြီး ဦးအောင်ထူးက ပြောပါတယ်။