မြန်မာနဲ့ ဖိလစ်ပိုင် လေကြောင်းဝန်ဆောင်မှု ပူးပေါင်းဖို့ လက်မှတ်ရေးထိုး

မြန်မာနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ လေကြောင်းဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်ကြဖို့ လက်မှတ်ရေး ထိုးခဲ့ကြကြောင်း သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာ-ဖိလစ်ပိုင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Mr. Teodoro L. Locsin, Jr. နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့ကို ၂၀၁၉ မေ ၂၂ ရက်နေ့ကတွေ့ရစဉ် Photo: MOI

မြန်မာနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံ လေကြောင်းဝန်ဆောင်မှု ပူးပေါင်းဆောင်ရွက်ကြဖို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ မြန်မာ ဖိလစ်ပိုင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး တတိယအကြိမ် ဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းဆက်သွယ်ရေး၊ မူးယစ်ဆေးဝါးမှောင်ခို တိုက်ဖျက်ရေး အပါအဝင် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမစခင် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လော့ဆင် တို့ နှစ်နိုင်ငံအကျိုးတူ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org