ပြည်တွင်းစစ် ပျံ့နှံ့လာနေပြီလို့ ကုလအထူးကိုယ်စားလှယ် ပြော

မြန်မာနိုင်ငံတဝန်း ပြည်တွင်းစစ်မီး ပျံ့နှံ့လာနေပြီဖြစ်လို့ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေကို ဖယ်ရှားပြီး ပြဿနာကို အပြု သဘောဆောင် ငြိမ်းခြိမ်းချမ်းချမ်း ဖြေရှင်းလိုတဲ့ အင်အားစုတွေနဲ့ အစားထိုး နိုင်ဖို့လိုကြောင်း မကြာခင် တာဝန်ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Burgener က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Burgener။ Photo: Unifeed

မြန်မာနိုင်ငံတဝန်း ပြည်တွင်းစစ်မီး ပျံ့နှံ့လာနေပြီဖြစ်လို့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေကို ဖယ်ရှားပြီး ပြဿနာကို အပြုသဘောဆောင် ငြိမ်းခြိမ်းချမ်းချမ်း ဖြေရှင်းလိုတဲ့ အင်အားစုတွေနဲ့ အစားထိုးနိုင်ဖို့လိုကြောင်း မကြာခင် တာဝန်ပြီးဆုံးတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Burgener က တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အရေးကို နိုင်ငံအလိုက်အရေးယူမှာလား၊ ကုလသမဂ္ဂလုံခြုံရေးကောာင်စီမှာ ဆုံးဖြတ်မှာလား ဆိုတာ ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သဘောအတိုင်းသာဖြစ်ကြောင်း AP သတင်းကို ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတစ်ရပ်ဖော်ဆောင်ဖို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဇူလိုင်လ ၁၆ ရက်နေ့က အဆိုပြုခဲ့ပေမယ့် တစုံတရာ တုံ့ပြန်မှုမရခဲ့ကြောင်း၊ စက်တင်ဘာလကတည်းက မြန်မာစစ်တပ်ဆီက သတင်းတစုံတရာမကြားရတော့ကြောင်း၊ စစ်တပ်ဟာ အရင်ကလိုပဲ အနိုင်နဲ့ပိုင်းဖို့ ဆုံးဖြတ်ထားပုံရကြောင်း၊ ဒါပေမဲ့ အခုတော့ အရင်ကလို လုပ်လို့ရတော့မှာမဟုတ်ကြောင်းလည်း ပြောဆိုပါတယ်။

မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် သုံးနှစ်ခွဲကြာ ထမ်းဆောင်ခဲ့တဲ့ Christine Burgener ဟာ တနင်္ဂနွေနေ့မှာ တာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org