အမတ်နဲ့ ပြည်သူ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ဖုန်းအက်ပ်

လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့ ပြည်သူတွေအကြား တိုက်ရိုက် ဆက် သွယ်နိုင်မယ့် Myanmar MPs Mobile Application ခေါ် လက်ကိုင်ဖုန်းကနေတဆင့် ဆက်သွယ်နိုင်မယ့် အက်ပ လီကေးရှင်းတစ်ခုကို ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က ဒီနေ့ စတင် မိတ်ဆက်လိုက်ပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပွင့်လင်းမြန်မာ့ရှေ့ဆောင် Open Myanmar Initiative သင်တန်းဖွင့်ပွဲ မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပစဉ် photo: RFA/ Thiha Tun

လွှတ်တော် ကိုယ်စားလှယ်တွေနဲ့   ပြည်သူတွေအကြား တိုက်ရိုက်ဆက်သွယ်နိုင်မယ့် Myanmar MPs Mobile Application ခေါ် လက်ကိုင်ဖုန်းကနေတဆင့် ဆက်သွယ်နိုင်မယ့် အက်ပလီကေးရှင်းတစ်ခုကို ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က ဒီနေ့ စတင် မိတ်ဆက်လိုက်ပါတယ်။

ရန်ကုန်မြို့ အင်းစိန်လမ်းမပေါ်မှာရှိတဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးမှာ ဒီနေ့ကျင်းပတဲ့ မြန်မာ့ လွှတ်တော်ကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ်လေ့လာ ချက် စာအုပ်မိတ်ဆက်ပွဲနဲ့ Myanmar MPs Mobile Application အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က နည်းပညာတာဝန်ခံ ကိုစိုးသီဟနောင်က RFA ကို ခုလို ပြောပါတယ်။

"ကျနော်တို့ Myanmar MPs ဆိုတဲ့ Application ဟာ တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့ သူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို အလွယ်တကူ ကြည့်ရှုလို့ရအောင် ရည်ရွယ်တဲ့အပြင်ကို နောက်ထပ် တစ်ခုက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ကလည်း သူတို့ရဲ့ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ချင်တဲ့အခါ ကျလို့ရှိရင် ထိတွေ့လို့လွယ်အောင် လုပ်ထားတာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့က သူတို့ဆက်သွယ် လို့ရမယ့် အချက်အလက်တွေကို ကျနော်တို့ကို ပံ့ပိုးပေးမယ်ဆိုလို့ရှိရင် အရမ်းပြည့်စုံတဲ့ Application တစ်ခုဖြစ်သွားပါလိမ့်မယ်၊ လွှတ်တော်ကိုယ်စားလှယ်ဆိုလို့ရှိရင် လွှတ်တော်ဥက္ကဌရော ဘယ်သူပဲဖြစ်ဖြစ် အားလုံးထည့်သွင်းလို့ရပါတယ်"

ဒီ Myanmar MPs Mobile Application မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ရိုက်ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းနံပါတ်၊ အီးမေးလိပ်စာ၊ ဖေ့ဘုတ်(စ်) လိပ်စာနဲ့ Youtube အကောင့်လိပ်စာတွေကို ထည့်သွင်းဖို့လျာထားတယ်လို့လည်း သိရပါတယ်။

ဒီနေ့မှာပဲ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က ပထမအကြိမ် လွှတ်တော်အစည်းအဝေးကနေ ဆဋ္ဌမအကြိမ် လွှတ်တော်အစည်းအဝေးတွေအတွင်း ဆွေးနွေးခဲ့ကြတဲ့အဆိုတွေကို လေ့လာထားတဲ့ လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အမှတ် (၂) ကိုလည်း ဝေငှခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org