ရွှေ့ပြောင်းအလုပ်သမားများ တရားဝင်အလုပ်လုပ်ခွင့် ရရေး ြကိုးပမ်းမည်

ဒီဇင်ဘာလ ၁ဂ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို နေပြည်တော်မှာ ကျင်းပရာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးထင်အောင် အဖွင့်မိန့်ခွန်းပြော ကြားစဉ်
ဒီဇင်ဘာလ ၁ဂ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို နေပြည်တော်မှာ ကျင်းပရာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင် အဖွင့်မိန့်ခွန်းပြော ကြားစဉ် (Photo: Win Naung Toe/RFA)

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေကြ တဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့အတွက် ဆောင် ရွက်ပေးသွားမယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမားနေ့အထိမ်းအမှတ် အခမ်းအနားမှာ ပြောပါတယ်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ မှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမားနေ့ အခမ်းအနားကို ကျင်းပခဲ့တာပါ။

အခမ်းအနားအပြီးမှာ ဒုတိယဝန်ကြီး ဦးထင်အောင် က နောက်နှစ် ဇန်နဝါရီလဆန်းမှာ တရားဝင် အလုပ်လုပ်ခွင့်ရဖို့အတွက် စတင်ဆောင်ရွက်သွား မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"တရားမဝင်နည်းလမ်းနဲ့ပဲရောက်ရောက် ဘာအထောက်အထားမှ မရှိတဲ့သူတွေရော တတ်နိုင် သလောက် သူတို့ထိုင်းက သတ်မှတ်ထားတဲ့ ၃၁ ရက် ၃ လ ၂၀၁၅ မတိုင်ခင်မှာ နိုင်ငံသားစိစစ်မှုကို ဆောင် ရွက်သွားမှာဖြစ်တယ်၊ နောက်အကျဆုံးကတော့ ဇန်နဝါရီလလဆန်းပိုင်းမှာ စလုပ်မှာပါ၊ ထိုင်းနိုင်ငံမှာရောက်နေ တဲ့ ရွေ့ပြောင်းအလုပ်သမားနည်းတူ မလေးရှားနိုင်ငံကိုလဲ ဆက်လက်ပြီးဆောင်ရွက်သွားဖို့ကိုလဲ အစီအစဉ်တွေ လုပ်နေတာရှိတယ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းဆိုရင် တရားမဝင်အလုပ်သမားတွေကို ထိထိရောက်ရောက် အရေးယူမှာတွေလဲရှိတယ်ဆိုတော့ သူတို့နိုင်ငံရဲ့မူ၊ သူတို့နိုင်ငံရဲ့ ပေါ်လစီနဲ့ ကိုယ်က ဘယ်လိုဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ကိုယ်ကဘယ်လိုဝင်အောင် လုပ်ရမလဲဆိုတာ သူတို့နဲ့ ညှိနှိုင်း ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ် "

အခမ်းအနားမှာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်း ဟာ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် အထောက်အကူပြုကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိင်ငံမှာ ရွှေ့ပြောင်းလုပ်ကိုင်တဲ့အလုပ်သမား သုံးသန်းနီးပါးရှိပြီး မလေးရှား၊ စင်္ကာပူ နဲ့ တောင်ကိုရီးယာနိုင်ငံတွေမှာလည်း မြန်မာနိုင်ငံသားတွေ အများအပြားရှိပါတယ်။ ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံမှာတော့ တရားမဝင်နေထိုင် လုပ်ကိုင်ကြသူတွေ အများဆုံးဖြစ်ပါတယ်။

အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ဒုတိယဝန်ကြီးတွေ၊ အလုပ်သမား အေဂျင်စီတွေ၊ နိုင်ငံတကာ အလုပ်သမားအဖဲ့ွချုပ် အိုင်အယ်လ်အိုက တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။