အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အခမ်းအနားကို ရန်ကုန်အခြေစိုက် ရွှေ့ပြောင်းအလုပ် သမား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းက နာရေး ကူညီမှုအသင်း(ရန်ကုန်)မှာ ကျင်းပခဲ့ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့ရတဲ့ အခက် အခဲတွေနဲ့ ရွှေ့ပြောင်းလုပ်ကိုင်မယ့်သူတွေ သိသင့်တဲ့ သတင်းအချက်အလက်တွေကို မျှဝေနိုင်ဖို့အတွက် အ ခုလိုအခမ်းအနား ကျင်းပတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမား အရေးဆောင်ရွက်နေတဲ့ မသက်သက်အောင်က ပြော ပါတယ်။
" ရွေ့ပြောင်းလုပ်သားတွေကလည်း တစ်နေ့ထက် တစ်နေ့ ကျမတို့တိုင်းပြည် ကနေပြီးတော့ တဖြေးဖြေး ထွက်ခွာနေတဲ့နှုန်းကလည်း ပိုပြီးတော့ များပြား လာတာသွားတွေ့ရတယ်၊ အဲ့တော့ဒီအခန်းကဏ္ဍကို လူတွေပိုပြီးတော့ သိမြင် လာအောင် နောက်တော့ရွေ့ပြောင်းလုပ်သားတွေရဲ့တကယ့် အခက် အခဲတွေ တကယ်လို့ ကိုယ်ကနေ ပြီးတော့ ရွေ့ပြောင်းလုပ်သားလုပ်တော့မယ်ဆိုရင် ဘယ်လိုသတင်းအချက်အလက်တွေ သိသင့်လဲဆိုတာ မျိုးတွေပေါ့နော်၊ ပြီးတော့ ဒီမှာလဲ ကျမတို့ သတင်းအရင်းအမြစ်ဌာနကို ထားပေးပါတယ်၊ ဘယ်နိုင်ငံကိုသွားသွား ဒီအချက်အလက်ကို သိထားမှသာလျှင် ကိုယ်နိုင်ငံသားတွေက အခွင့်အရေးဆုံးရှုံး တာပဲဖြစ်ဖြစ်၊ အန္တရာယ် တစ်ခုခုကြုံလာတာပဲဖြစ်ဖြစ် သူတို့ဆက်သွယ်ပြီးတော့ အကူအညီတောင်း ခံနိုင်အောင် ကျမတို့ စီစဉ်ထားပါတယ်"
ဒီဇင်ဘာလ ၁၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့အဖြစ် နိုင်ငံတကာမှာ နှစ်စဉ်ကျင်းပနေ တာဖြစ်ပြီး မြန်မာနိုင်ငံမှာ အခုလိုကျင်းပတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အခမ်းအနားမှာ ရွှေ့ပြောင်းအလုပ်သမားတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သရုပ်ပြတင်ဆက်ခဲ့ကြပြီး အလုပ် သမားအရေးဆောင်ရွက်နေသူတွေ၊ အလုပ်သမားတွေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖဲ့ွ ILO တာဝန်ရှိသူတွေ အပါအဝင် စုစုပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။