မြန်မာစစ်တပ်ကို လောင်စာဆီ ချက်ချင်းပိတ်ဆို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအပေါ် လောင်စာဆီပိတ်ဆို့အရေးယူမှုတွေ ချက်ချင်းချမှတ်ဖို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နဲ့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK တို့က တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ လေကြောင်းလောင်စာဆီသုံးစွဲခွင့်ကို ကန့်သတ်ခြင်းဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတာတွေ လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအား စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်၏ ရုပ်အလောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Photo : Citizen Journalist

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအပေါ် လောင်စာဆီပိတ်ဆို့အရေးယူမှုတွေ ချက်ချင်းချမှတ်ဖို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နဲ့ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK တို့က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းလောင်စာဆီသုံးစွဲခွင့်ကို ကန့်သတ်ခြင်းဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတာတွေ လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ နှစ်ပတ်လည် ဂီတဖျော်ဖြေပွဲကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ခေါင်းဆောင်တွေနဲ့ သူ့ကိုယ်စားလှယ်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူပြီး ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုကို ပိတ်ပင်တားဆီးရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့လည်း ဒီအဖွဲ့တွေက တောင်းဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org