ရနောင်းက ထိန်းသိမ်းခံမြန်မာနိုင်ငံသား ၆၀၀ ကျော် နေရပ်ပြန်ခွင့်ရ

ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးစခန်းတစ်ခုဖြစ်တဲ့ တောမော (IDC) ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၇၉ ဦးကို ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ထိုင်းအချုပ်ခန်းများမှ လွတ်ရက်ပြည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ်။ Htoo Chit - facebook

ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးစခန်းတစ်ခုဖြစ်တဲ့ တောမော (IDC) ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၇၉ ဦးကို ဖေဖော်ဝါရီ ၂ ရက်၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ထိုင်းအာဏာပိုင်အဖွဲ့အစည်း၊ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေက မြန်မာနိုင်ငံဘက်က စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနက တာဝန်ရှိသူတွေ၊ စစ်ဘက်၊ အရပ်ဘက်က တာဝန်ရှိသူတွေထံကို လွှဲပေးခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတ ွေဟာ ပြစ်ဒဏ်ကျခံပြီးလို့ လွတ်ရက်စေ့တာနဲ့ မြန်မာနိုင်ငံကို ပြန်လာခွင့်ရပေမယ့် နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာကြောင့် အခုလိုအချိန်တွေ ကြာသွားတာလို့ လူမှုကူညီရေးအသင်းဖြစ်တဲ့ ရနောင်းအခြေစိုက် မိတ္တသာရ (SAFWA) အသင်းက တာဝန်ရှိသူ ကိုသားကျော်က ပြောပါတယ်။

"မနေ့ကထဲက ပြန်သွားပြီပေါ့။ ဒီဘက်ကမ်းအထိ မြန်မာဘက်က လဝကဘက်ကရော၊ စစ်တပ်ရော အကုန်ပါကြတယ်။ ကော့သောင်းဘက်ကျတော့ စစ်သင်္ဘောနဲ့ ပြန်ပို့ပေးမှာလို့ သိထားတယ်။ ပုံမှန်ဆိုရင်တော့ ပြန်ပို့ခံရတဲ့လူတွေက တစ်ခါမှ ဒီလောက်မများဘူး။ မြန်မာဘက်က နိုင်ငံရေးမငြိမ်တော့ ပြန်လက်မခံနိုင်တဲ့အခါကျ အခုလို စုပြုံပြီး များသွားတာပေါ့"

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၆၇၉ ဦးမှာ အမျိုးသမီး ၁၃၇ ဦးနဲ့ အမျိုးသား ၅၄၂ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

နေရပ်ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှ ု၊ လူသတ်မှု၊ ခိုးမှုစတဲ့ အမှုပေါင်းစုံက လွတ်ရက်စေ့သူတွေ ပါဝင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း နေရပ်ပြန်ပို့ရတဲ့ မြန်မာနိုင်ငံသား ၆၇၉ ဦးထဲက တနင်္သာရီတိုင်းကို ၃၉၇ ဦး၊ ရခိုင်ပြည်နယ်ကို ၁၁၁ ဦး၊ ရန်ကုန်နဲ့ တခြားမြို့နယ်တွေကို ၁၇၁ ဦး စစ်ရေယာဉ်တွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ ဖေဖော်ဝါရီလ ၃ ရက် ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာထားပါတယ်။

၂၀၂၂ ခုနှစ် တစ်နှစ်ထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင်ဖြတ်ကျော်တဲ့ ရွှေ့ပြောင်းအလုပ်သမား ခြောက်သောင်းကျော်အထိ ဖမ်းဆီး ခံထားရတယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဝ န်ကြီးဌာနက ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org