ပါမောက္ခရှောင်တားနဲလ်ကို နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ စစ်ဆေးမည်

သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲထားပြီး ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။

အင်းစိန်ထောင်တွင် ဖမ်းဆီးထားသည့် မစ္စတာ ရှောင်တားနဲလ်အား ၂၀၂၁ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က ကျန်းမာရေးစစ်ဆေးနေစဉ်။ Photo: Myanmar Military

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုတွဲခံထားရတဲ့ သူ့ရဲ့စီးပွားရေးအကြံပေး ပါမောက္ခရှောင်တားနဲလ်ကို နေပြည်တော်အချုပ်ထောင်ထဲက အထူးတရားရုံးကို ပြောင်းရွှေ့စစ်ဆေးတော့မယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောတဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြလိုက်ပါတယ်။

မစ္စတာ ရှောင်တားနဲလ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြီးခဲ့တဲ့သတင်းပတ်က ရုံးချိန်းအတွက် နေပြည်တော် စည်ပင်သာယာဝင်းထဲက အထူးခုံရုံးမှာ ရုံးထုတ်ခဲ့တာပါ။

သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲထားပြီး ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။

မစ္စတာ ရှောင်တားနဲလ်ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်တဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို သိခွင့်ရှိခဲ့လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတရားစွဲခံနေရသလို မြန်မာပြည်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံထားရပေမယ့် အသေးစိတ်ကို စစ်ကောင်စီဘက် တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

မစ္စတာ ရှောင်တားနဲလ်ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျအစိုးရကအကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က အကြောင်းပြန်တာ မတွေ့ရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org