စစ်ကောင်စီက နိုင်ငံတစ်ဝန်း ယာယီ အပစ်ရပ်ကြောင်း ကြေညာ

ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့ နဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး ဧပြီ ၁ရက်ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်ရပ်လိုက်တာလို့ စစ်ကောင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော တပ်မတော်နေ့အခမ်းအနား၌ တွေ့ရစဉ်။ (Photo : cincds)

စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်း သုံးပတ်ကြာ အပစ်အခတ်ရပ်စဲမယ်လို့ ဧပြီလ ၂ ရက်နေ့ ညမှာ ကြေညာခဲ့ပါတယ်။

ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ဖို့ နဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှုပြီး ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်ရပ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီကာလအတွင်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို တိုက်ခိုက်တာ၊ စစ်ကောင်စီစခန်းတွေနဲ့ ဌာနချုပ်တွေကို တိုက်ခိုက်တာ၊ တပ်သားသစ်စုဆောင်းတာနဲ့ နယ်မြေချဲ့ထွင်တာတွေ မလုပ်ဖို့ ၊ အဲ့ဒီလိုလုပ်ရင် တုန့်ပြန်ဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ ကိုးကန့်လို့လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)တို့ကလည်း ဧပြီလ ၁ ရက်ကနေ ၃၀ ရက်အထိ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာထားပါတယ်။

ငလျင်ဘေးသင့်ဒေသတွေမှာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ ၊ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း ဧပြီလ ၁ရက်ကနေ နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org