သီလဝါစီးပွားရေးဇုန် တိုးတက်မြင့်မားလာကြောင်း ဂျပန်ဥက္ကဌ ပြောကြား

မြန်မာ သီလဝါစီးပွားရေးဇုန်ဟာ ကုန်ထုတ်လုပ်ရေးဒေသကြီးတခုဖြစ်လာနေပြီး နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ငွေပမာဏဟာ ကန်ဒေါ်လာ သန်းတထောင်နီးပါးရောက်ရှိနေပြီလို့ Nikkei Asean Review နစ်ကိုင်းအေးရှင်းရီဗြူး ဂျပန်စီးပွားရေးသတင်းဌာန က နိုဝင်္ဘာ ၃ဝ ရက်နေ့ မနေ့က ရေးသားလိုက်ပါတယ်။

ဂျပန်နဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်တဲ့ သီလဝါ အထူးစီးပွားရေးဇုန် အဝင်ဝကို တွေ့ရစဉ် Photo: Tun Myint/RFA

မြန်မာ သီလဝါစီးပွားရေးဇုန်ဟာ ကုန်ထုတ်လုပ်ရေးဒေသကြီးတခုဖြစ်လာနေပြီး နိုင်ငံခြားက လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ငွေပမာဏဟာ ကန်ဒေါ်လာ သန်းတထောင်နီးပါးရောက်ရှိနေပြီလို့ Nikkei Asean Review နစ်ကိုင်းအေးရှင်းရီဗြူး ဂျပန်စီးပွားရေးသတင်းဌာနက နိုဝင်္ဘာ ၃ဝ ရက်နေ့ မနေ့က ရေးသားလိုက်ပါတယ်။

အမေရိကန်အခြေစိုက် Ball ကော်ပိုရေးရှင်းက သီလဝါဇုန်မှာ အဖျော်ယမကာ ဗူးခွံတွေထုတ်လုပ်တဲ့ စက်ရုံတခုကို နိုဝင်္ဘာ ၁၆ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီစက်ရုံကနေ သောက်ရေဖျော်ရည်ထည့်ဗူး သန်း ၅ဝဝ နှစ်စဉ်ထုတ်လုပ်ပြီး မြန်မာပြည်ရှိ ကိုကာကိုလာကုမ္ပဏီနဲ့ အခြားဝယ်ယူသူတွေကို ရောင်းချမှာဖြစ်ကြောင်းနဲ့ ၂ဝ၁၄ မှာ အခြေချခဲ့တဲ့ အဲဒီစက်ရုံကနေ မူလရည်မှန်းတဲ့ကာလထက် စောပြီး ကုန်ချောထုတ်လုပ်နိုင်တဲ့အတွက် Ball ကုမ္ပဏီအနေနဲ့ အထူးကျေနပ်နေကြောင်းလည်း သတင်းမှာဖေါ်ပြထားပါတယ်။

အဲဒီ စီးပွားရေးဇုန်ကို မြန်မာနဲ့ ဂျပန်ကော်ပိုရေးရှင်းတွေ ပူးပေါင်းအကောင်အထည်ဖေါ်ခဲ့တာဖြစ်ပြီး အခုဆိုရင် နိုင်ငံ ၁၆ ခုက ကုမ္ပဏီ ၇၈ ခုနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဒီလအတွင်း တောင်ကိုရီးယားနဲ့ ထိုင်းအပါအဝင် ကုမ္ပဏီ ၅ ခုက သူတို့ရဲ့ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းတွေကို အပြီးသတ်ခဲ့ကြောင်းနဲ့ လာမယ့်နွေဦးမှာ ကော်ပိုရေးရှင်း ၃ဝ ခန့် လုပ်ငန်းတွေ စတင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

မြန်မာ ဂျပန် သီလဝါစီးပါွးရေးဇုန်ဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဌ Takashi Yanai တာကားရှီ ယာနိုင်း က တခြားနိုင်ငံတွေမှာ စက်မှုဇုန်တခု အပြီးသတ်ဖို့ ၁ဝ နှစ်ကနေ ၁၅ နှစ်လောက် အချိန်ယူတည်ဆောက်ရတဲ့အတွက် ဒီစက်မှုဇုန်ဟာ အရှေ့တောင်အာရှမှာ တိုးတက်မှုအရှိန်အဟုန် အမြန်ဆုံးဖြစ်တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org