ဒီဇင်ဘာလအတွင်း မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပဖို့ ထိုင်း ပြင်ဆင်

လာမဲ့ ဒီဇင်ဘာလအတွင်း မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကျင်းပဖို့ ထိုင်းအစိုးရ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဒီနေ့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Nikorndej Balankura အား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ Twitter/ กระทรวงการต่างประเทศ | MFA of Thailand

လာမဲ့ ဒီဇင်ဘာလအတွင်း မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကျင်းပဖို့ ထိုင်းအစိုးရ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဒီနေ့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ပြောဆိုချက်အရ ဒီဇင်ဘာ ၁၉ နဲ့ ၂ဝ ရက်နေ့တွေမှာ ကျင်းပဖို့ လျာထားပေမဲ့ ပါဝင်ဆွေးနွေးမဲ့သူတွေရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တဲ့အတွက် နေ့ရက်အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို ပြီးခဲ့တဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအပြင် လက်ရှိ ဥက္ကဋ္ဌ လာအိုနိုင်ငံနဲ့ လာမဲ့ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံတို့ ပါဝင်ဖို့ ရှိတယ်လို့ သတင်းက ဖော်ပြပါတယ်။

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်လိုက်မယ်ဆိုရင် ဒီဆွေးနွေးပွဲအပေါ် သက်ရောက်မှု ရှိမလားဆိုတဲ့ မေးမြန်းချက်အပေါ်မှာတော့ ပြောရေးဆိုခွင့်ရှိသူက ထိုင်းနိုင်ငံဟာ ICC အဖွဲ့ဝင် နိုင်ငံမဟုတ်ပေမဲ့ ဒီအခြေအနေရဲ့ အရေးပါမှုကို အသိအမှတ်ပြုကြောင်း တုံ့ပြန်ခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာပြည်အကျပ်အတည်း အဆုံးသတ်ရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို လက်ခံကျင်းပဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org