မြန်မာဒုက္ခသည် ပထမသုတ် အိန္ဒိယပြန်ပို့

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ပြန်ပို့ရေး သီတင်းပတ်နဲ့ချီ နှောင့်နှေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် မေလ ၂ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ် နယ်စပ်မှ မြန်မာစစ်ဘေးဒုက္ခသည်များအား ပြန်လည်ပို့ဆောင်နေစဉ်။ Photo: N. Biren Singn/Twitter

၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယကို ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည် အနည်းဆုံး ၃၈ ယောက်ကို မေလ ၂ ရက်နေ့က ပထမအသုတ်အဖြစ် မဏိပူရ်ပြည်နယ်ကနေ နေရပ်ပြန်ပို့လိုက်ပြီလို့ ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းက ပြောလိုက်ပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေ ပြန်ပို့ရေး သီတင်းပတ်နဲ့ချီ နှောင့်နှေးခဲ့ရတယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေကို အဆင့်အတန်းမခွဲခြားဘဲ ပြန်ပို့တာဖြစ်ပြီး တရားမဝင်ရောက်လာသူတွေကို ပြည်နယ်အစိုးရက ဆက်လက်ဖော်ထုတ်နေတယ်လို့လည်း မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့အရပ်သားတွေနဲ့ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယကို ဝင်ရောက်လာကြပါတယ်။ ဒီလိုဝင်ရောက်လာတာတွေဟာ အိန္ဒိယနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်ရတာကြောင့် နယ်စပ်စည်းရိုးကာဖို့နဲ့ ဗီဇာမလိုဘဲ နှစ်နိုင်ငံ ကူးလူးသွားလာခွင့်ပိတ်ပင်ဖို့ ကြေညာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org