တမူးနယ်စပ်မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်

အိန္ဒိယ - မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေ သကြီး တမူးနယ်စပ်တလျှောက်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်း သွားခွင့်မပြုကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သော တမူးမြို့ပုံ photo: google map

အိန္ဒိယ - မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးနယ်စပ်တလျှောက်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းသွားခွင့်မပြုကြောင်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နယ်စပ်ဖြတ်ကျော် မှုခင်းတွေကို တားဆီးနိုင်ဖို့နဲ့ နယ်စပ်လုံခြုံရေးအတွက် အခုလိုအမိန့်ထုတ်လိုက်လို့ တမူးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"နဂိုကတည်းကလည်း ည ၆ နာရီ မနက် ၆ နာရီ မထွက်ရဘူးဆိုတဲ့အမိန့်ကလည်း ရှိပြီးသားပါ၊ နှစ်နိုင်ငံ သဘောတူညီချက်မှာကိုက မနက် ၆ နာရီ ည ၆ နာရီ ဟိုဘက်ဒီဘက် ကူးသန်းသွားလာလို့မရဘူးဗျ၊ တရားဝင်ဖြစ်အောင်သာ အမိန့်ထုတ်ပြန်တာပါ၊ မနက် ၆ နာရီ ည ၆ နာရီ မထွက်ခြင်းအားဖြင့် နယ်စပ်ဖြတ်ကျော်မှုခင်းတွေလည်း တားဆီးနိုင်မှာပေါ့လေ"

ည ၆ နာရီကနေ မနက်၆ နာရီအတွင်း နယ်စပ်ဖြတ်သန်းသူတွေဟာ မှောင်ခိုလုပ်ကိုင်သူတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေသာ ဖြစ်ပြီး နှစ်နိုင်ငံ သဘော တူညီချက်မှာလည်း ည ၆နာရီကနေ မနက် ၆နာရီအထိ ကူးသန်းသွားလာခွင့်မရှိကြောင်း ပါရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

တမူးမြို့ဟာ အိန္ဒိယ - မြန်မာနယ်စပ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org