မြန်မာ - အိန္ဒိယ နယ်စပ်ဒေသ လုံခြုံရေး ဆွေးနွေးပွဲ ပြီးဆုံး

မြန်မာ နဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ စစ်လက်နက်ပစ္စည်း မှောင်ခိုရောင်းဝယ်မှုနဲ့ လက်နက်ကိုင် သူပုန်တပ်တွေ လှုပ်ရှားတာ ကို ထိန်းသိမ်းရေးကိစ္စရပ်တွေကို နှစ်ဖက်အရာရှိကြီးတွေ မနေ့က ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယသတင်း စာတွေက ရေးသားဖေါ်ပြကြပါတယ်။

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ စစ်လက်နက်ပစ္စည်း မှောင်ခိုရောင်းဝယ်မှုနဲ့ လက်နက်ကိုင် သူပုန်တပ်တွေ လှုပ်ရှားတာကို ထိန်းသိမ်းရေးကိစ္စရပ်တွေကို နှစ်ဖက်အရာရှိကြီးတွေ မနေ့က ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်လို့ အိန္ဒိယသတင်းစာတွေက ရေးသားဖေါ်ပြကြပါတယ်။

နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်စိုးနဲ့ Rajiv Mehrishi တို့ တွေ့ဆုံခဲ့ကြ တာလို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ အရာရှိတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံနယ်ခြားကျောက်တိုင်တွေ စစ်ဆေးရေး ၊ လိုအပ်တဲ့နေရာတွေမှာ အသစ်စိုက်ထူရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတားဆီးရေး၊ တောရိုင်းတိရိစ္ဆာန် အစိတ် အပိုင်းတွေ ရောင်းဝယ်မှု ထိန်းသိမ်းရေးနဲ့ တခြားလုံခြုံရေးကိစ္စရပ်တွေကိုလည်း  ဆွေးနွေးခဲ့ကြတယ်လို့ ပြော ပါတယ်။

မြန်မာပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Rajnath Singh ကိုလည်း သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့တယ်လို့ ပြောပါတယ်။

နောက်တစ်ကြိမ် အလားတူဆွေးနွေးပွဲကို  ရှေ့နှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပဖို့လည်း သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org