ခွင့်မတိုင်ဘဲ တွေ့ဆုံပွဲ သွားခဲ့တဲ့ မြန်မာ ၄၈ ဦးကို ထိုင်းအလုပ်ရှင် ထုတ်ပယ်

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေ့ဆုံပွဲကို အလုပ်ကနေ ခွင့်မတိုင် ကြားဘဲ တက်ရောက်ခဲ့လို့ဆိုပြီး အထည်ချုပ်စက်ရုံတစ်ရုံက မြန်မာအလုပ်သမား ၄၈ ယောက် ကို အလုပ်ရှင်က အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင်မြို့က ထလေထိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စောင်းဆိုင်းနေတဲ့ အလုပ်သမားတွေကို ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေ့ဆုံပွဲကို အလုပ်ကနေ ခွင့်မတိုင် ကြားဘဲ တက်ရောက်ခဲ့လို့ဆိုပြီး အထည် ချုပ်စက်ရုံတစ်ရုံက မြန်မာအလုပ်သမား ၄၈ ယောက်ကို အလုပ်ရှင်က အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ခွင့်မတိုင်ကြားဘဲ တစ်ရက်ပျက်ကွက်တာကို အလုပ်ကနေ ထုတ်ပယ်တာဟာ ထိုင်းဥပဒေတွေအရ အကျုံးမဝင် ဘူးလို့ အဲ့ဒီအလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာအလုပ်သမား ကူညီစောင့် ရှောက်ရေး မဟာမိတ်ကော်မတီ AAC အဖွဲ့ဝင် ကိုရဲမင်း က ပြောပါတယ်။

"သူတို့ကလည်း ပြုတ်ရင်လည်းပြုတ်ပစေဆိုပြီးတော့ အဲ့ဒီသဘောပါ၊ သူတို့  အမေစုကို တွေ့ချင်တဲ့စိတ်နဲ့ သွားတယ်၊ အလုပ်ရှင်ကလည်း သူကခွင့်မပေးဘူးလေ၊  သူ့တို့ဟာသူတို့ သွားတယ်ဆိုတော့ အလုပ်ဖြုတ်လိုက်တယ်၊  အလုပ်တစ်ရက်နားတာကို ဖြုတ်တဲ့အတွက် ကတော့ ဘောင်မဝင်ဘူး၊  သုံးရက်ဆက်တိုင်နားတယ်ဆိုရင်တော့ ဒါကတော့ ထိုင်းဥပဒေမှာ  သုံးရက်ဆက်တိုက်နားရင်တော့ အလုပ်ရှင်ဘက်ကနေ အလုပ်ဖြုတ်ခွင့်ရှိတယ်၊  တစ်ရက်လောက်နားတာကို ဖြုတ်တယ်ဆိုတာတော့ လက်မခံဘူးလေ၊ အဲ့အတွက်  ထိုင်းဥပဒေအတိုင်း ကျနော်တို့က သူတို့အတွက် အမှုရင်ဆိုင်ပေးသွားမှာပါ"

အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ မြန်မာအလုပ်သမား ၄၈ ယောက်ဟာ မဟာချိုင် ပန်ဖူယိုင်ရပ်ကွက်မှာ ရှိတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ သွားပြီးနောက်တစ်နေ့မှာ အလုပ်ရှင်က အလုပ်ကနေ ထုတ်လိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က တွေ့ဆုံခဲ့ရာ မြန်မာအလုပ်သမား သောင်းနဲ့ချီ လာရောက် စောင့်ဆိုင်းခဲ့ပေမယ့် ထိုင်းအစိုးရက ရွေးထုတ်ထားတဲ့ အလုပ်သမားတွေနဲ့သာ တွေ့ခွင့်ရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org