၂ဝ၂၂ ခုနှစ် မြန်မာ့စီးပွားရေး တစ်ရာခိုင်နှုန်းသာ တိုးလာနိုင်ခြေရှိ

ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ စိုးရိမ်ဖွယ်ကျဆင်းနေသေးကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ကျူးကျော်ရပ်ကွက်တစ်ခုတွင် နေထိုင်နေသည့် မိသားစုတစ်စုကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ စိုးရိမ်ဖွယ်ကျဆင်းနေသေးကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းလောက် ကျုံ့သွားမယ်လို့ ကမ္ဘာဘဏ်က ပြောဆိုခဲ့တာပါ။

ဒီနှစ် စက်တင်ဘာလမှာကုန်ဆုံးမယ့် ၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဟာ တစ်ရာခိုင်နှုန်းသာ တိုးတက်နိုင်တယ်လို့ နောက်ဆုံး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ဆင်းရဲမွဲတေမှုကလည်း နှစ်ဆတိုးလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ကုန်စည်စီးဆင်းနိုင်မှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ဘဏ်လုပ်ငန်း၊ ငွေကြေးလည်ပတ်မှု၊ လျှပ်စစ်မီးရရှိရေးနဲ့ အင်တာနက် သုံးစွဲခွင့်တွေပေါ်မှာ စီးပွားရေးအခြေအနေဟာ မူတည်နေမယ်လို့ ဆိုပါတယ်။

တကယ်လို့ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု မရှိခဲ့ရင် မြန်မာ့စီးပွားရေးက ၃၀ ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အထည်ချုပ်နဲ့ သဘာဝဓာတ်ငွေ့ ဝယ်လိုအားကြောင့် စက်မှုကဏ္ဍ ပြန်တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းပြီး ဆောက်လုပ်ရေးကဏ္ဍတချို့ နာလန်ထူလာမယ်လို့လည်း ခန့်မှန်းပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org