တယ်လီနောရဲ့ မြန်မာနိုင်ငံက အမြတ်ငွေ ပြီးခဲ့တဲ့နှစ်အတွင်း ထိုးစိုက်ကျဆင်း

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောဆက်သွယ်ရေးကုမ္ပဏီရဲ့ မြန်မာနိုင်ငံကရတဲ့ အကျိုးအမြတ်တွေ ပြီးခဲ့တဲ့နှစ်အတွင်း သိသိသာသာ ထိုးစိုက်ကျဆင်းသွားတယ်လို့ မနေ့ကပဲ တယ်လီနောကုမ္ပဏီကကြေညာတဲ့ အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

နော်ဝေနိုင်ငံရှိ တယ်လီနောကုမ္ပဏီ ရုံးချုပ် အဆောက်အဦး။ Photo: Reuters

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောဆက်သွယ်ရေးကုမ္ပဏီရဲ့ မြန်မာနိုင်ငံကရတဲ့ အကျိုးအမြတ်တွေ ပြီးခဲ့တဲ့နှစ်အတွင်း သိသိသာသာ ထိုးစိုက်ကျဆင်းသွားတယ်လို့ မနေ့ကပဲ တယ်လီနောကုမ္ပဏီကကြေညာတဲ့ အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

၂ဝ၂ဝ ပြည့်နှစ်တုန်းက နှစ်ပတ်လည် အသားတင်အမြတ် နော်ဝေငွေ ခရိုနာ ၁၇.၃ ဘီလီယံ ရခဲ့တာကနေ ၂ဝ၂၁ခု ပြီးခဲ့တဲ့နှစ်မှာတော့ ခရိုနာ ၁.၅ ဘီလီယံပဲ ရခဲ့တယ်လို့ တယ်လီနောက ကြေညာပါတယ်။

ပြီးခဲ့တဲ့လ ဇန်နဝါရီထဲမှာပဲ တယ်လီနောရဲ့ ဒီဂျစ်တယ် ငွေလွှဲလုပ်ငန်း Wave Money ကို ရောင်းခဲ့ပါတယ်။ မြန်မာနိုင်ငံက တယ်လီနော လုပ်ငန်းတွေကို လက်ဘနွန်ကုမ္ပဏီ M1 အုပ်စုကို ရောင်းမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက တယ်လီနောကုမ္ပဏီက ပြောထားတာ ရှိပေမယ့် လုပ်ငန်းစဉ်တွေ မပြတ်သေးပါဘူး။

မြန်မာစစ်ကောင်စီက ဆက်သွယ်ရေးမှာ ကြားဖြတ်ဖမ်းယူနားထောင်လို့ရတဲ့ ကိရိယာတွေကို တပ်ဆင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက တယ်လီနောကုမ္ပဏီကို တောင်းဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org