တရုတ်- မြန်မာ စီးပွားရေး စြင်္ကန်ဆောက်မည်

တရုတ်နဲ့ မြန်မာအကြား စီးပွားရေးစြင်္ကန်တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ တစောင်ကို မကြာခင် လက်မှတ်ထိုးမယ်လို့ မနေ့က ထုတ်ဝေတဲ့ Global Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီးကျင်ပင်းတို့ ဘေဂျင်းမြို့မှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံစဉ် Photo:Myanmar State Counsellor Office

တရုတ်နဲ့ မြန်မာအကြား စီးပွားရေးစြင်္ကန်တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာတစောင်ကို မကြာခင် လက်မှတ်ထိုးမယ်လို့ မနေ့က ထုတ်ဝေတဲ့ Global Times သတင်းစာမှာ ဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကို ရောက်ရှိနေတဲ့ မြန်မာအရာရှိ ဦးအောင်နိုင်ဦး ဆိုသူရဲ့ ပြောကြား ချက်အရ ဒီ စီးပွားရေးစြင်္ကန် တည်ဆောက်ရေးအတွက် တရုတ်နဲ့ မြန်မာ သဘောတူညီခဲ့ပြီးပြီလို့ သိရကြောင်းနဲ့ ဒီကိစ္စကို မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၇ ခုနှစ် လာရောက်လည်ပတ်စဉ်မှာ တရုတ်ပြည်က အဆိုပြုခဲ့တာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အဲဒီ စီမံကိန်းအရ ကူမင်းခေါ် ခွန်းမင်မြို့နဲ့ မန္တလေးမြို့တို့ကို လမ်းဖေါက်ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org