မြန်မာကာတွန်း နှစ်တစ်ရာပြည့်ပွဲ ကျင်းပ
မြန်မာကာတွန်း နှစ်တစ်ရာပြည့် အခမ်း အနားကို တစ်နိုင်ငံလုံးက ကာတွန်း ဆရာတွေ ပူးပေါင်းပြီး ရန်ကုန်မြို့ မရမ်းကုန်းမြိုနယ် မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
-
2015-12-30 -
-
-
မြန်မာကာတွန်း နှစ်တစ်ရာပြည့် အခမ်းအနားကို တစ်နိုင်ငံလုံးက ကာတွန်းဆရာတွေ ပူးပေါင်းပြီး ရန်ကုန်မြို့ မရမ်းကုန်းမြိုနယ် မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
ဒီနှစ်မှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်၊ လူထုဒေါ်အမာ နှစ်တစ်ရာပြည့် အထိမ်းအမှတ်တွေနဲ့ တိုက်ဆိုင်နေသလို တစ်သက်မှာ တစ်ခါဘဲကြုံရတဲ့ အခမ်းအနားဖြစ်တဲ့အတွက် ဂုဏ်ယူတယ်လို့ ကာတွန်းဆရာ အောက်တို ဘာအောင်ကြီးက ပြောပါတယ်။
"ကာတွန်းဆရာက လူတွေရဲ့ ခံစားချက်ကို စာနယ်ဇင်းပေါ်ကနေ ထောက်ပြတာပေါ့၊ လူတစ်ဦးတစ်ယောက်ရဲ့ ဘဝမှာ တစ်ခါသာကြုံးဖူးတဲ့ နှစ်တစ်ရာပါ၊ ဒီ ၂ဝ၁၅ ခုနှစ်က တိုက်ဆိုင်တာက ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်၊ မန္တလေးက အမေ လူထုဒေါ်အမာရဲ့ နှစ်တစ်ရာပြည့်၊ ကာတွန်းနှစ် ၁ဝဝ ပြည့်၊ ဒါကြောင့် ဝမ်းလည်းသာတယ် ဂုဏ်လည်းယူတယ်"
ကာတွန်းပညာဟာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၉၁၅ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က ကာတွန်း ဆရာကြီးတွေရဲ့ကာတွန်းတွေ၊ ဓာတ်ပုံတွေနဲ့ ပန်းချီကားတွေကို အခမ်းအနားမှာ ပြသထားပါတယ်။ နှစ်တစ်ရာပြည့် အခမ်းအနားမှာ မန္တလေးကာတွန်းဆရာတွေက "၅ နှစ်ထဲပါ မယ်ဥမ္မာ" ဆိုတဲ့ ပြဇာတ်နဲ့ ဖျော်ဖြေခဲ့ကြသလို ရန်ကုန်ကာတွန်းဆရာတွေကလည်း "ဗိုလ်ကာတွန်း"ဆိုတဲ့ အငြိမ့်နဲ့ ကပြဖျော်ဖြေကြပါတယ်။ အခမ်းအနားကို အနယ်နယ်အရပ်ရပ်က ကာတွန်းဆရာတွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့ ကာတွန်းကို စိတ်ဝင်စားကြသူ ရာနဲ့ချီပြီး လာရောက်ခဲ့ပါတယ်။