ကာတွန်းဟန်လေး ကွယ်လွန်
2022.02.09
စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ကာတွန်းတွေအများအပြားဖန်တီးခဲ့သူ ရှမ်းအမျိုးသား ကာတွန်းဟန်လေး ကွယ်လွန်သွားတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေပါတယ်။
သူ့ရဲ့ကာတွန်းတွေကို အများဆုံးဖော်ပြခဲ့တဲ့ ဧရာဝတီမဂ္ဂဇင်းမှာလည်း ကာတွန်းဟန်လေး ကင်ဆာရောဂါနဲ့ ဖေဖော်ဝါရီလ ၉ ရက်ညနေပိုင်းမှာ ကွယ်လွန်ကြောင်း ရေးသားထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း နောင်မွန်မြို့ဇာတိ ကာတွန်းဟန်လေးဟာ ၁၉၈၈ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကိုထွက်ခွာခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကာတွန်းတွေကို အများအပြားဖန်တီးခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကိုပြန်လာခဲ့ပြီး ကာတွန်းတွေ ဆက်လက်ရေးဆွဲခဲ့သူပါ။ ကွယ်လွန်ချိန်မှာ အသက် ၅၆နှစ် ရှိပါပြီ။