မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ပြည်သူချင်း ပိုမိုဆက်စပ်နိုင်ရေးအတွက် အိန္ဒိယ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဇနီးမောင်နှံစုံတွဲ ၆၀ ရဲ့ မြန်မာပြည် နှစ်ရက်တာခရီးစဉ် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က ပြီးဆုံးခဲ့ပါတယ်။

မြန်မာ့တပ်မတော်က ဇနီးမောင်နှံစုံတွဲ ၆၀ ဗုဒ္ဓဂယာကို သွားရောက်ကြည်ညိုခဲ့ပြီး ပြန်လည်ရောက်ရှိလာစဉ် ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ပြည်သူချင်း ပိုမိုဆက်စပ်နိုင်ရေးအတွက် အိန္ဒိယ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဇနီးမောင်နှံစုံတွဲ ၆၀ ရဲ့ မြန်မာပြည် နှစ်ရက်တာခရီးစဉ် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က ပြီးဆုံးခဲ့ပါတယ်။

အဲဒီအဖွဲ့မှာ အိန္ဒိယစစ်တပ် အကြီးတန်းအရာရှိအဆင့်တွေကနေ အောက်ခြေအဆင့်အထိ ပါဝင်ပါတယ်။

အပြန်အလှန်အနေနဲ့ မြန်မာ့တပ်မတော်က ဇနီးမောင်နှံစုံတွဲ ၆၀ လည်း ဗုဒ္ဓဂယာကို သွားရောက်ကြည်ညို ခဲ့ကြပါတယ်။

အိန္ဒိယ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ မြန်မာနဲ့ ထိဆက်နေတဲ့ နယ်စပ်ကို  စီမံဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ဒီအတွင်း နှစ်နိုင်ငံနယ်စပ်ကိုကျော်ပြီး မြန်မာဘက်ခြမ်းက တောတောင်ထူထပ်ရာနေရာတွေမှာ ဝင်ရောက်ခိုအောင်း ပြီး အိန္ဒိယအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ လူမျိုးစုသူပုန်အဖွဲ့တွေကို မြန်မာ့တပ်မတော်နဲ့အတူ ပူးတွဲချေမှုန်း တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ Deccan Chronicle သတင်းက ဖော်ပြပါတယ်။

မြန်မာဘက်ခြမ်းမှာ အိန္ဒိယလက်နက်ကိုင် သူပုန်အင်အား ငါးရာကျော် ခိုအောင်းနေကြတယ်လို့ လုံခြုံရေးဆိုင်ရာ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ အဲဒီနေရာတွေကို သွားရောက်ရှင်းလင်းဖို့ အခက်အခဲ တချို့ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့ပြင် အိန္ဒိယ တရုတ်နယ်စပ်မှာလည်း အိန္ဒိယလူမျိုးစုသူပုန်တွေ တရုတ်ပိုင်နက်အတွင်း ဝင်ရောက်ခိုအောင်း နေကြတာကြောင့် တရုတ်ဘက်ကလည်း အိန္ဒိယနဲ့အတူ ပူးတွဲချေမှုန်းမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org