ပထမသုတ် လူ ၁ သိန်း ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးပမ်း

ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို မြန်မာအစိုးရ ပြန်လက်ခံတဲ့အခါ ပထမအသုတ်အနေနဲ့ ရိုဟင်ဂျာ ၁ သိန်း ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဆန္ဒရှိနေတယ်လို့ ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ငခူရကျေးရွာ ဒုက္ခသည်လက်ခံရေးစခန်း ဆောက်လုပ်နေတာကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA

ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို မြန်မာအစိုးရ ပြန်လက်ခံတဲ့အခါ ပထမအသုတ်အနေနဲ့ ရိုဟင်ဂျာ ၁ သိန်း ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဆန္ဒရှိနေတယ်လို့ ပြောလိုက်ပါတယ်။

နှစ်နိုင်ငံသဘောတူစာချုပ်အရ ဇန်နဝါရီလကုန်လောက်မှာစမယ့် ဒုက္ခသည်ပြန်လက်ခံရေး အစီအစဉ်အရ၊ ပထမဆုံးပြန်ပို့မယ့် လူ ၁ သိန်းကို စာရင်းလုပ်ထားတယ်လို့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး အိုဘေဒူးလ် ကွာဒါက ပြောပါတယ်။

နှစ်ဖက်အစိုးရအရာရှိတွေက အဲဒီလူစာရင်းကို နောက်ဆုံးအဆင့် အတည်ပြုပြီးတာနဲ့ အမြန်ဆုံးပြန်ပို့မယ်လို့ ကွာဒါက ဆိုပါတယ်။ ထွက်ပြေးသွားတဲ့သူတွေ ပြန်လက်ခံရေးဆောင်ရွက်မယ့် အလုပ်အဖွဲ့ရဲ့ နောက်တစ်ကြိမ် အစည်းအဝေးကို မြန်မာနိုင်ငံမှာ လုပ်မှာဖြစ်ပြီး၊ ဘယ်လိုစပြီး လက်ခံမလဲဆိုတာ ဆုံးဖြတ်ကြမယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org