စစ်တွေမြို့နယ် မွတ်စလင်ရွာမှာ မုန်တိုင်းကြောင့် သေဆုံးသူရုပ်အလောင်း ၃၀ နီးပါးတွေ့

စစ်တွေမြို့နယ် ဗေဒါမွတ်စလင်ရွာမှာ မုန်တိုင်းကြောင့် သေဆုံးသူ ၄၀ ကျော်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဗေဒါမွတ်စလင်ရွာမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ဗေဒါမွတ်စလင်ရွာမှာ မုန်တိုင်းကြောင့် သေဆုံးနေတဲ့ ရုပ်အလောင်း ၃၀ နီးပါးကို တွေ့ရှိထားပြီး စုစုပေါင်းသေဆုံးသူ ၄၀ ကျော်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ဗေဒါတစ်ရွာလုံး ပျက်စီးခဲ့သလို မုန်တိုင်းကိုမတိမ်းရှောင်ဘဲ ရွာမှာနေခဲ့တဲ့ ရွာသားတွေ သေဆုံးခဲ့ကြတာလို့ဆိုပါတယ်။

ဗေဒါရွာဟာ စစ်တွေမြို့ အနောက်ဘက် ဘင်္ဂလားပင်လယ်ကမ်းစပ်မှာ တည်ရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိကာ လူဦးရေ ၂၀၀၀ ‌ကျော် နေထိုင်ပါတယ်။

မုန်တိုင်းမတိုက်ခတ်ခင် ရွာသားအများအပြားက ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြပေမယ့် ရွာသားတချို့ကတော့ မတိမ်းရှောင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အလောင်း ၃၀ နီးပါး ကောက်ယူထားပြီး ရုပ်အလောင်းတွေကို တွေ့တဲ့နေရာတွေ မှာပဲ မြေမြှုပ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org