ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီး ပစ်ခတ်မှု ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ယာအနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ဒေသ မှာ သေနတ်နဲ့ အပစ်ခံရတာကြောင့် မွတ်စလင် ကလေးငယ်တစ်ဦး ဆေးရုံတက်ရောက် ကုသနေရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနားမှာ နေထိုင်သူတွေကို တွေ့ရစဉ် Photo: Htet Arkar/RFA

ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ယာအနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်ဒေသမှာ သေနတ်နဲ့ အပစ်ခံရတာကြောင့် မွတ်စလင် ကလေးငယ်တစ်ဦး ဆေးရုံတက်ရောက် ကုသနေရပါတယ်။   

ဇွန်လ ၂၈ ရက်၊ မနေ့က ညနေ ၄ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ အဲဒီပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ရိုဟင်ဂျာ မွတ်စလင်ကလေးငယ်တစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်တယ်လို့ နှစ်နိုင်ငံနယ်စပ်အနီးမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ကိုနေလင်းအောင် က သတင်းထောက်တွေကို ပြောပါတယ်။

"နာမည်က အင်ဆာ အူလာ ပါ၊ ဒီနားလေးမှာပဲ၊ ၄ နာရီလောက်မှာပါ၊ သူ့မိဘတွေက ဆေးရုံခေါ် သွားပါတယ်၊ ဘယ်ဆေးရုံလဲတော့ ကျနော်လည်းမပြောတတ်ဘူး"

အဲဒီကလေးငယ်ကို ဘယ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်တယ်ဆိုတာကိုတော့ တိတိကျကျ ပြောနိုင်တဲ့သူ မရှိပါဘူး။

မြန်မာနယ်စပ်ဘက်နဲ့ နီးစပ်တဲ့နေရာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် RFA က ဒေသခံရဲတပ်ဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ အထက်အမိန့်မရဘဲ မဖြေကြားနိုင်ကြောင်း တုံ့ပြန်ပြောကြားပါတယ်။ မောင်တော ခရိုင် ဒုတိယခရိုင်မှူး ဦးရဲထူး ကတော့ သူမသိရှိကြောင်း ပြောပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်ခြားဒေသမှာ အမျိုးသမီးဦးရေ နှစ်ထောင့်ငါးရာကျော်အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ငါးထောင်နီးပါးရှိပြီး နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ လုံခြုံရေးပေးဖို့နဲ့ ပျက်စီးသွားတဲ့ နေအိမ်တွေ ကို ပြန်ဆောက်ပေးဖို့ တောင်းဆိုထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org