အမေရိကန် သံတမန် ရှမ်းဒုက္ခသည်စခန်း သွားရောက်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန်ကောင်စစ်ဝန် Mr. Michael Heath ဟာ ရှမ်းပြည်နယ်ထဲက စစ်ဘေး ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ခိုလှုံနေ ထိုင်ရာ ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင်ရှိ ကုန်းကျော်ဒုက္ခ သည်စခန်းကို ဧပြီလ ၂၈ ရက်နေ့အင်္ဂါနေ့က သွားရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန်ကောင်စစ်ဝန် Mr. Michael Heath ဟာ ရှမ်းပြည်နယ်ထဲက စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ခိုလှုံနေထိုင်ရာ  ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင်ရှိ  ကုန်းကျော်ဒုက္ခသည် စခန်းကို ဧပြီလ ၂၈ ရက်နေ့အင်္ဂါနေ့က သွားရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ကောင်စစ်ဝန်က ဒုက္ခသည်တွေရဲ့ သဘောထားတွေကို အဓိကထား မေးမြန်းခဲ့တယ်လို့ ကုန်းကျော်ဒုက္ခသည်စခန်း ဥက္ကဌ ဦးစိုင်းလျန်း က RFA ကို ပြောပါတယ်။

"ဘာအပြောင်းအလဲရှိလဲ ပြန်ချင်တဲ့လူရှိလား ဗမာပြည်ကို ပြန်ချင်တဲ့လူရှိသလား၊ အဲ့နှစ်ခုပဲမေးတာ အဓိကတော့၊ အခု လက်ရှိအခြေအနေမှာတော့ ဒီမှာပြန်ချင်တဲ့လူမရှိဘူးလေဗျာနော် ဘာကြောင့် မပြန်ချင်တာလဲဆိုတဲ့အကြောင်း ကျနော်တို့က ပြောပြတာက ကလေးတွေ ပညာရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ဒီဖက်မှာလာနေတာ ဟိုဖက်ပြန်သွားလို့ရှိရင် ကျနော်တို့က ဟိုက တောကျေးရွာမှာဆိုတော့ ကျနော်တို့က ပညာရေးက ဒီမှာနဲ့မတူဘူးလေဗျားနော်။ နောက်တစ်ခုက ကျနော်တို့ ဒီမြေမြှုပ်မိုင်းကိစ္စ ကျနော်ပြောတယ် ဒီကိစ္စတော့ သိတဲ့အတိုင်း အခု ဒီဖက်မှာဆိုရင်တော့ UWSA ရှိတယ်၊ RCSS ရှိတယ်၊ လားဟူကာကွယ်ရေးရှိတယ်၊ မြန်မာပြည် အစိုးရတပ်ရှိတယ် သူတို့အားလုံးက မြေမြှုပ်မိုင်းတွေ သုံးနေတုန်းပဲလေ အဲ့တော့ ဒါတွေကလည်း ကျနော်တို့အတွက် အန္တရာယ်ရှိတယ်ပေါ့ နောက်တစ်ခုက အဲ့ဒီ ဂွင်မှာလည်း လက်နက်ကိုင်အဖွဲ့ အစည်း ၄ ဖွဲ့လောက်ဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းများတဲ့ ကျနော်တို့ ပြည်သူလူထုလည်း ဒုက္ခများတယ်ပေါ့ဗျား။ အဲ့ဒီသုံးခု ကျနော်ပြောပြတယ် မပြန်ချင်တဲ့အကြောင်းက"

Mr. Michael Heath နဲ့အဖွဲ့ဟာ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့ SWAN က ဒုက္ခသည်စခန်းထဲမှာ ဖွင့်လှစ်ပေးထားတဲ့ ဆေးပေးခန်းနဲ့ စာသင်ကျောင်းတွေကို လိုက်လံကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်အရာရှိက တနေ့နေ့မှာတော့ တိုင်းရင်းသားတွေအားလုံး မြန်မာနိုင်ငံပြန်နိုင်ကြမယ် လို့မျှော်လင့်ကြောင်းပြောကြားခဲ့တယ်လို့  ဒီခရီးစဉ်မှာ လိုက်ပါကူညီခဲ့တဲ့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နန်းယဉ်ဟန်ဖ က ပြောပါတယ်။

"သူမှတ်ချက်ပေးသွားတာကတော့ သူလည်း မြန်မာပြည်ကြီး တကယ်ငြိမ်းချမ်းပြီး ပြုပြင်ပြောင်းလဲဖို့တော့ သူလည်းမျှော်လင့်တာပေါ့ ဒီလိုမျိုး ဒီဘက်မှာဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကိုလည်း သူကလည်း ကိုယ်ချင်းစာတယ်ပေါ့၊ ဒါကြောင့်မို့လို့တဲ့ သူလည်းပြောတယ် တကယ်လို့ ဗမာပြည်က ပြောင်းလဲခဲ့မယ် ဆိုလို့ရှိရင်ပေါ့နော် တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမယ်ဆိုလို့ရှိရင်တော့ ဒီနယ်စပ်မှာရောက်နေ တဲ့ တိုင်းရင်းသားဒုက္ခသည်အားလုံးရော IDP တွေအားလုံးရော ပြန်နိုင်မယ်လို့တော့ သူလည်း မျှော်လင့် တယ်လို့တော့ ပြောသွားတယ်လေ"

ကုန်းကျော်ဒုက္ခသည်စခန်းက အိမ်ထောင်စု ၁ဝဝ ခန့်မှာ လူဦးရေ ၄ဝဝ ကျော် နေထိုင်လျှက်ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org