ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွေ့ဆုံမည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင်သစ်တွေဟာ ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ဖြန် နေပြည်တော် ဘုရင့်နောင်ဧည့်ရိပ်သာမှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ကတိသစ္စာပြုခြင်း အခမ်းအနားကို ၂၀၁၈ နိုဝင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာကျင်းပစဉ် Photo: Myanmar President Office

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်သစ်တွေဟာ ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ဖြန် နေပြည်တော် ဘုရင့်နောင်ဧည့်ရိပ်သာမှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က သတင်းသမားတစ်ဦးအနေနဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေကို အမြန်ဆုံးလွှတ်ပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုသွားမယ်လို့ RFA ကို ပြောပါတယ်။

သတင်းမီဒီယာကောင်စီဝင်သစ်တွေဟာ နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်က သမ္မတအိမ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သတင်းမီဒီယာကောင်စီကို အောက်တိုဘာလ ၂၇ ရက်နေ့က အဖွဲ့ဝင် ၂၄ ဦးနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး သတင်း မီဒီယာသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ သမ္မတရုံးနဲ့ လွှတ်တော်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကောင်စီရဲ့သက်တမ်းဟာ ၃ နှစ် ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org