ဒေါ်အောင်ဆန်းစုကြည် MPC ရုံးဝင်း သွားရောက်ကြည့်ရှု


2016.05.14
dassk-mpc-office-620.jpg ရန်ကုန်မြို့ရွှေလီလမ်းမှာရှိတဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာကို မေလ ၁၄ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြည့်ရှုလေ့လာနေစဉ်
Photo: Aung Thain Kha/ RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ရွှေလီလမ်းမှာရှိတဲ့ မြန်မာ့ငြိမ်းချမ်းရေး စင်တာကို ဒီနေ့ ပထမဆုံးအကြိမ် သွားရောက်ကြည့်ရှုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို MPC ရဲ့အဆောက်အဦးနဲ့ ရုံးပိုင်းဆိုင်ရာ ကိစ္စတွေကို တင်ပြခဲ့တယ်လို့ MPC မှာ အရင်က အကြီးတန်းအကြံပေးတာဝန်ယူခဲ့တဲ့ ဦးလှမောင်ရွှေ က ပြောပါတယ်။

"ကျနော်တို့ဒီဘက်က ၃ ယောက်ပါပဲ ၊ ကျနော်တို့ MPC ဘက်ကစောင့်ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို MPC ရဲ့အဆောက်အဦးတွေ၊ ရုံးအဆောက်အဦးတွေ၊ အဓိကတော့ အဆောက်အဦးတွေသုံးစွဲတဲ့ ကိစ္စတွေကို ကျနော်တို့က တင်ပြတာပဲရှိပါတယ်၊ အခြားတော့ ထူးထူးခြားခြား မရှိပါဘူး"

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရသစ်ဖွဲ့စည်းပြီးနောက် ရန်ကုန်မြို့ကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာ တာဖြစ်ပြီး ကမ္ဘာအေးသာသနာ့ကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်ဗိမာန်ခန်းမမှာ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးတွေရဲ့ သြဝါဒလည်း ခံယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့လည်း ပါဝင်ပါ တယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ရွှေလီလမ်းမှာရှိတဲ့ မြန်မာ့ငြိမ်းချမ်းရေး စင်တာကို ဒီနေ့ ပထမဆုံးအကြိမ် သွားရောက်ကြည့်ရှုခဲ့ရာမှာ MPC တာဝန်ရှိသူတွေက MPC ရဲ့ အဆောက် အဦးတွေနဲ့ ရုံးပိုင်းဆိုင်ရာကိစ္စတွေကို တင်ပြခဲ့ပါတယ်။

MPC မှာ အရင်က အကြီးတန်းအကြံပေးတာဝန်ယူခဲ့တဲ့ ဦးလှမောင်ရွှေကို  RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။