ထိုင်း Move Forward Party ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရ
ထိုင်းပါလီမန်မှာ ဒီနေ့ ပြုလုပ်တဲ့ ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်မှုမှာ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat အတွက် လုံလောက်တဲ့ မဲအရေအတွက်မရလို့ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
-
RFA Burmese
2023-07-13 -
-
-
ထိုင်းပါလီမန်မှာ ဒီနေ့ ပြုလုပ်တဲ့ ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်မှုမှာ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရထားတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat အတွက် လုံလောက်တဲ့ မဲအရေအတွက်မရလို့ ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Move Forward ပါတီ ခေါင်းဆောင် ပီတာ ထိုင်းဝန်ကြီးချုပ် ဖြစ်ဖို့အတွက် အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်ပေါင်းမှာ အမတ်စုစုပေါင်း ၇၄၉ ဦး ရှိတဲ့အထဲက မဲ အရေအတွက် ၃၇၆ မဲ ရဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ ပါလီမန် အစည်းအဝေးကို မတက်ရောက်တဲ့ အမတ်တွေနဲ့ ကြားနေမဲပေးတဲ့ အမတ်တွေကြောင့် ပီတာ နဲ့ ရှစ်ပါတီ မဟာမိတ် ညွှန့်ပေါင်းအဖွဲ့ဟာ မဲအရေအတွက် အလုံအလောက်မရခဲ့တာ ဖြစ်ပါတယ်။
နောက်တစ်ကြိမ် မဲခွဲ ဆုံးဖြတ်မှုကို ရှေ့အပတ်မှာ ဆက်လုပ်မှာဖြစ်ပြီး၊ Move Forward ပါတီ ခေါင်းဆောင် ပီတာအနေနဲ့ ရွေးကောက်ခံရဖို့ ထပ်ပြီးကြိုးစားနိုင်မှာ ဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
ဒီနေ့ ပြုလုပ်တဲ့ မဲပေးရွေးခြယ်မှုမှာ လိုအပ်တဲ့ မဲအရေအတွက်ရဖို့ ၅၁ မဲ လိုနေပေမယ့်၊ လက်လျှော့မှာ မဟုတ်ကြောင်းနဲ့ ရှေ့အပတ်မှာပြုလုပ်မယ့် ဒုတိယအကြိမ် မဲပေး ရွေးချယ်မှာ လုံလောက်တဲ့ မဲအရေအတွက်ရဖို့ ထပ်ပြီး ကြိုးစားသွားမယ်လို့ ပီတာက ပြောသွားတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။