လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ်ထွက်ပေး ဖို့ ပြည်မြို့မှာ ဆန္ဒပြ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ် ထွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှာ လူ့အခွင့် အရေးလှုပ်ရှားနေသူ ၆၀ လောက်က ဒီနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
-
2016-09-26 -
-
-
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ နှုတ်ထွက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှာ လူ့အခွင့်အရေးလှုပ်ရှားနေသူ ၆၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေက အိမ်အကူမိန်းကလေး ၂ ဦးအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အမှုကို ငွေကြေး နဲ့ ကျေအေးဖို့ ဆုံးဖြတ်ပေးခဲ့တာကြောင့် ကန့်ကွက် တာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုဇော်ထွန်းက ပြောပါတယ်။
"ဒီအိမ်ဖော်ကလေးမလေး နှစ်ယောက်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို ရှုတ်ချပြီး ကန့်ကွက်ဆန္ဒပြတာ၊ ဒီအမှုကို အလုပ်ရှင် အလုပ်သမားပုံစံမျိုးနဲ့ ညှိနှိုင်းဖြန်ဖြေ ငွေကြေးနဲ့ ဆုံးဖြတ်တာကို ကန့်ကွက်တယ်၊ ဒီအဖွဲ့အစည်းထဲမှာ ပါဝင်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့သူတွေကို ကျနော်တို့က ထွက်စေချင်တယ်" လို့ ကိုဇော်ထွန်း က ပြောပါတယ်။
ကျောက်တံတားမြို့နယ်က အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေက အိမ်အကူ မိန်းကလေး ၂ ဦးအပေါ် ညှဉ်းပန်းနှိပ်စက် ခဲ့ပြီး လစာမပေးပဲထားခဲ့တဲ့အပေါ် တစ်ဦးကို ကျပ်သိန်း ၅၀ ကျန်တစ်ဦးကို ကျပ် ၁၀ သိန်းနဲ့ နစ်နာကြေးပေး တဲ့နည်းနဲ့ ကျေအေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ညှိနှိုင်းပေးခဲ့တာဖြစ်ပါတယ်။