တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဖြစ်
MNDAA က ထုတ်ပြန်တဲ့ တိုက်ပွဲမှတ်တမ်း ဗီဒီယိုမှာ နှစ်ဘက်အပြန်အလှန် တရစပ် အပြင်းအထန် ပစ်ခတ်နေတာ တွေ့ရပါတယ်။
-
RFA Burmese
2022-11-29 -
-
-
ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများ။
The Kokang
တရုတ်-မြန်မာနယ်စပ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၈ ရက် မနေ့ကစလို့ စစ်ကောင်စီဘက်ကစထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး၊ ဒီနေ့မနက်ပိုင်းမှာလည်း လေးနာရီလောက်ကြာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က နှစ်ယောက်သေဆုံးပြီး ၇ ယောက်ဒဏ်ရာရခဲ့တယ်လို့ MNDAA ကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီဘက်ကအခြေအနေတွေ ပြောဆိုတာ မရှိသေးပါဘူး။
MNDAA က ထုတ်ပြန်တဲ့ တိုက်ပွဲမှတ်တမ်း ဗီဒီယိုမှာ နှစ်ဘက်အပြန်အလှန် တရစပ် အပြင်းအထန် ပစ်ခတ်နေတာ တွေ့ရပါတယ်။
စစ်ကောင်စီဘက်က ပြည်သူ့စစ်တွေအပါအဝင် အင်အား ၃၅၀ လောက် အဲဒီဒေသမှာ ဖြန့်ကျက်ထားတယ်လို့လည်း ဆိုပါတယ်။