Petronas နဲ့ Mitsubishi မြန်မာမှာ မြှုပ်နှံထားတဲ့ အစုရှယ်ယာတွေ ထုတ်ရောင်း

မြန်မာနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့ နည်းပညာပိုင်းရော၊ စီးပွားရေးအရပါ ခက်ခဲလာနေတယ်လို့ Mitsubishi Corp ကုမ္ပဏီရဲ့ ပြောခွင့်ရက ပြောပါတယ်။ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ၁.၉၃ ရာခိုင်နှုန်းကို Mitsubishi Corp ကုမ္ပဏီက သွယ်ဝိုက်ပိုင်ဆိုင်ထားတယ်လို့လည်း ဆိုပါတယ်။

ဂျပန်နိုင်ငံ Mitsubishi ရုံးချုပ်တွင် တွေ့ရသော ကုမ္ပဏီအမှတ်တံဆိပ်ပါ ဆိုင်းဘုတ်။ Photo: Reuters

စွမ်းအင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ မလေးရှားက Petronas နဲ့ ဂျပန်က Mitsubishi Corp ကုမ္ပဏီကြီးတွေဟာ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အစုရှယ်ယာတွေကို ရောင်းချတော့မယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက် ဒီကနေ့ထုတ် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့ နည်းပညာပိုင်းရော၊ စီးပွားရေးအရပါ ခက်ခဲလာနေတယ်လို့ Mitsubishi Corp ကုမ္ပဏီရဲ့ ပြောခွင့်ရက ပြောပါတယ်။

ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ၁.၉၃ ရာခိုင်နှုန်းကို Mitsubishi Corp ကုမ္ပဏီက သွယ်ဝိုက်ပိုင်ဆိုင်ထားတယ်လို့လည်း ဆိုပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် ဂျပန်ကုမ္ပဏီနဲ့ ဆွေးနွေးပြောဆိုနေပြီလို့လည်း ပြောပါတယ်။

Petronas ကုမ္ပဏီကလည်း ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှာပါတဲ့ သူတို့ရဲ့လက်ခွဲ PC Myanmar (Hong Kong) ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ရောင်းချဖို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက သဘောတူထားပြီး ဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ဒီလအစောပိုင်းမှာ ပြောထားတယ်လို့ ဆိုပါတယ်။

ဘယ်သူက ဝယ်လိုက်တယ် ဆိုတာကိုတော့ Petronas က ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့လည်း ဆိုပါတယ်။

ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ Petronas လက်ခွဲ PC Myanmar (Hong Kong) ကုမ္ပဏီက အစုရှယ်ယာ ၄ဝ.၉ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က၂ဝ.၅ ရာခိုင်နှုန်း ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

ဂျပန်အစိုးရနဲ့ Nippon ရေနံရှာဖွေရေး Eneos Holdings ကုမ္ပဏီတို့က အစုရှယ်ယာ ၁၉.၃ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန်တာကို ထိုင်း PTTEP ကုမ္ပဏီက ပိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Eneos Holdings ကုမ္ပဏီကို အလုပ်ဆက်လုပ်ဖို့ ရှိ၊မရှိ ရိုက်တာက မေးမြန်းရာမှာတော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဖြစ်နိုင်ချေတွေကို ကြည့်နေတယ်လို့ ဆိုပါတယ်။

စွမ်းအင် ကုမ္ပဏီကြီးတွေဖြစ်တဲ့ TotalEnergies နဲ့ Chevron ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုပိုဆိုးလာနေတယ်ဆိုပြီး ပြီးခဲ့တဲ့လက ပြန်ထွက်ခွာသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org