အရေးပေါ် ရန်ပုံငွေကို လေဆိပ် လမ်း ပြုပြင်ရေးမှာ သုံးစွဲ

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရင် သုံးစွဲဖို့ဆိုပြီး သတ်မှတ်ထားတဲ့ အရေးပေါ်ရန်ပုံငွေထဲက ကျပ်သန်း ၂ ထောင်ကျော်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန က နေပြည်တော်လေဆိပ် အဝင်လမ်းပြုပြုင်မှုမှာ သုံးစွဲ လိုက်တယ်လို့ သိရပါတယ်။

နေပြည်တော်လမ်းမကြီးကို အလုပ်သမားများ ပြင်ဆင်နေ ကြစဉ် (Photo: AFP)

မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရင် သုံးစွဲဖို့ဆိုပြီး သတ်မှတ်ထားတဲ့ အရေးပေါ်ရန်ပုံငွေထဲက ကျပ်သန်း ၂ ထောင်ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက နေပြည်တော်လေဆိပ် အဝင်လမ်း ပြုပြုင်မှုမှာ သုံးစွဲလိုက်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို ဝန်ကြီးဌာနတွေက သုံးထားတဲ့အရေးပေါ်ရန်ပုံငွေနဲ့ ပတ်သက်ပြီး လွှတ်တော်က အတည်ပြုပေးဖို့ သမ္မတက လွှတ်တော်ကိုပေးပို့တဲ့ သဝဏ်လွှာမှာ ဖေါ်ပြထား တဲ့အကြောင်း နေပြည်တော် ဥတ္တရသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။

“အရေးပေါ်ရန်ပုံငွေက တကယ့် အရေးပေါ်ကာလတွေပေါ့လေ၊ ပြည်သူတွေ ဒုက္ခရောက်ရင် သုံးရမယ့်ငွေကို နေပြည်တော် လေဆိပ်အဝင်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးက သုံးစွဲလိုက်တယ်၊ အဲဒါကို သမ္မတရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားတာပေါ့၊ နေပြည်တော် လေဆိပ် အဝင်လမ်းရဲ့ အဝိုင်းပတ်လမ်းတွေ ထောင့်ချိုးဖြစ်လို့ ဖျက်သိမ်းပြီး အသစ်ပြန်လည် တည်ဆောက်ခြင်းနဲ့ လေဆိပ်အဝင်လမ်းခင်းခြင်း ဆိုပြီးတော့မှ ကျပ်သန်းပေါင်း ၂၂၆၂ ကို သုံးစွဲထားတာဖြစ်တယ်၊ အများဆုံးသုံးစွဲတာ၊ အဲဒါတွေက အရေးပေါ်ရန်ပုံငွေနဲ့ ဘာမှမကိုက်ညီဘူး”

အဲဒီသဝဏ်လွှာအရ တခြားဝန်ကြီးဌာနေတွေရဲ့ အရေးပေါ်ရန်ပုံငွေသုံးစွဲမှု ဖေါ်ပြထားရာမှာ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာ မြစ်ကမ်းပါးပြိုလို့ ဒေသခံတွေကို နေရာပြန်ချပေးတာ၊ ပဲခူးတိုင်းနဲ့ နေပြည်တော်ကောင် စီဒေသမှာ သဘာဝဘေးကြောင့်ပျက်စီးသွားတဲ့ ဆည်မြောင်းတွေ ပြုပြင်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အရေးပေါ်ရန်ပုံငွေအဖြစ် သုံးစွဲလိုက်တဲ့ စုစုပေါင်းပမာဏက ကျပ်သန်းပေါင်း ၂ သောင်းခွဲကျော်ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org