ဖားကန့် ကျောက်စိမ်းတွင်း စက်ယန္တရားကိစ္စ ဝန်ကြီး စစ်ဆေး

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အသုံးပြုဖို့ အကြီးစား စက်ယန္တရားတွေ တင်သွင်းနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းကို ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အသုံးပြုဖို့ အကြီးစားစက်ယန္တရားတွေ တင်သွင်းနေ တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းကို ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းက ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး မြင့်ထူးက ပြောပါ တယ်။

"ဒီနေ့ ဝန်ကြီးနဲ့အဖွဲ့က မြစ်ကြီးနားကနေ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကို သွားပြီးစစ်ပါတယ်၊ စစ်ဆေးတာ နှစ်ရက်လောက်ရှိပါပြီ၊ ဒါကတော့ ဝန်ကြီးတို့ အစီအစဉ်ပါပဲ၊ လာရောက်စစ်ဆေးတဲ့အပေါ် ဝန်ကြီးတို့ ထုတ်ပြန်သွားမှာဖြစ်ပါတယ်"

ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်း၊ အကောက်ခွန်စတဲ့ဋ္ဌာနတွေက ဝန်ထမ်းတချို့ကို မေးမြန်းခဲ့သလို အဲ့ဒီ စခန်းမှာ ရပ်နားထားတဲ့ ယန္တရားတချို့ကိုလည်း စစ်ဆေးခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းကနေ ယာဉ်စက်ယန္တရားအစီးရေ ၈၈၀ တရားဝင် တင်သွင်းခွင့်ပြုခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ မှာ ပြောကြားထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ ယာဉ်စက်ယန္တရားတင်သွင်းမှုနဲ့ ဆက်စပ်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို မနေ့က မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် မလိခရိပ်သာမှာ ခေါ်ယူမေးမြန်းခဲ့ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသဘက်ကို တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေ စခန်းနဲ့ မန္တလေး၊ ရန်ကုန်စတဲ့ လမ်းကြောင်းတွေကနေ ယာဉ်၊ စက်ယန္တရားတွေကို တင်သွင်းနေသလို စစ်ကိုင်း တိုင်းဒေသကြီး ချင်းတွင်းမြစ်ကြောင်းကနေတဆင့် ခန္တီး-လိုင်ဆိုင်း-တာမခံ လမ်းကြောင်းဘက်ကနေလည်း သယ်ယူနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org