တစ်နေ့လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ဖို့ ဆွေးနွေးသဘောတူ
တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားအားလုံး အတွက် တစ်နေ့လုပ်ခကို ကျပ် ၃၆၀၀ ထား ဖို့ "အနည်းဆုံးအခကြေးငွေသတ် မှတ်နိုင်ရေးအမျိုးသားကော်မတီ" ဆွေးနွေးပွဲမှာ ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။
-
2015-06-24 -
-
-
Your browser doesn’t support HTML5 audio
တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားအားလုံးအတွက် တစ်နေ့လုပ်ခကို ကျပ် ၃၆၀၀ ထားဖို့ "အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအမျိုး သားကော်မတီ" ဆွေးနွေးပွဲမှာ ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။
အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင် ပါဝင်တဲ့ "အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး အမျိုးသားကော်မတီ" ဟာ ဒီနေ့ နောက်ဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ မှာ ဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ဦးဝင်းဇော်က ပြောပါတယ်။
"ကျနော်တို့ကနှုန်းကို အတည်ပြုပြီးဆွေးနွေးနိုင်ခဲ့တယ်ပေါ့နော်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တပြေး ညီနှုန်းတစ်ခုပေါ့၊ တပြေးညီနှုန်းအရတော့ ၃၅၀၀နဲ့ ၄၀၀၀ကြားပေါ့၊ အတိအကျဆွေးနွေးထားတဲ့နှုန်းထား ကတော့ ၃၆၀၀ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်"
အဲဒီ့နှုန်းထားကို မကြာခင် အများပြည်သူကို ထုတ်ပြန်မှာဖြစ်ပြီး ကျေနပ်မှုမရှိတဲ့ သူတွေအနေနဲ့ ၂ လအတွင်း ကန့်ကွက်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်နဲ့ ၂၃ ရက်တို့မှာ အနည်းဆုံးလုပ်ခလစာသတ်မှတ်နိုင်ဖို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမား၊ ကျွမ်းကျင်ပညာရှင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ အလုပ်သမားအရေးကူညီသူတွေက ဆွေးနွေးခဲ့ကြပြီးဖြစ် ပါတယ်။
အဲဒီ့နှစ်ရက်ကြာဆွေးနွေးပွဲမှာ အလုပ်သမားတွေက တစ်နေ့ လုပ်အားခ ကျပ်ငွေ ၄ ထောင်သတ်မှတ်ပေး ဖို့ တောင်းဆိုခဲ့ကြပြီး အလုပ်ရှင်တွေက ကျပ် ၂၅၀၀ သာ ပေးနိုင်မှာဖြစ်ကြောင်း တင်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်လောက်ကစပြီး အနည်းဆုံးလုပ်ခလစာသတ်မှတ်ပေးဖို့ အလုပ်သမားတွေဘက်က ဆန္ဒပြတောင်းဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။