မိုင်းနင်းမိသူ နှစ်ဦး သေဆုံး
ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ ညောင်ပင်သာကျေးရွာ အနီးက တောစပ်မှာ မနေ့ညက မိုင်းနင်းမိပြီး ညောင်ပင်သာ ရွာက တောင်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။
-
2016-07-31 -
-
-
ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်ခွဲ ညောင်ပင်သာကျေးရွာအနီးက တောစပ်မှာ မနေ့ညက မိုင်းနင်းမိ ပြီး ညောင်ပင်သာရွာက တောင်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ အသက်နှစ်ဆယ်ကျော်အရွယ် တောင်သူတွေဖြစ်တယ်လို့ ဆင်ဘိုမြို့နယ်ခွဲ ရဲစခန်းမှူး က ပြောပါတယ်။
"ရွာသားငါးယောက်ကတော့ သူတို့ကတော့ဓလေ့အတိုင်းပဲ ငါးရှာ၊ ဖားရှာပေါ့ဗျာ၊ မျှစ်ချိုးဘာညာ အဲ့လိုမျိုးသွားတာပါ၊ သွားရင်းနဲ့ နမ့်ဖားချောင်းနားက ၃ မိုင်ကျော်တာပေါ့ အဲ့နားတဝိုက်မှာ သူတို့ မိုင်းဟောင်းတစ်လုံးနင်းမိတယ်၊ တစ်ယောက်ကတော့ ဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်၊ တစ်ယောက်ကတော့ ကျေးရွာကို ကျန်တဲ့ ၃ ယောက်ကနေ သယ်လာပေးတယ်၊ သေဆုံးတဲ့သူကိုရော ဒဏ်ရာရတဲ့သူကိုရော သယ်လာပေးတယ်၊ မနေ့ကရောက်ပြီးမှ ဒီနေ့မနက်မှာ ဆင်ဘိုကိုပို့ပေးတယ်"
ညောင်ပင်သာကျေးရွာရဲ့ အရှေ့တောင်ဘက် ရှစ်မိုင်ကျော်အကွာမှာရှိတဲ့ တောထဲကို အမဲလိုက်သွားချိန်မှာ မိုင်းနင်းမိတာဖြစ်ပါတယ်။
မိုင်းကွဲမှုဖြစ်ပွားတဲ့နေရာတစ်ဝိုက်ဟာ အစိုးရတပ်မတော် နဲ့ ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေတဲ့ နေရာဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။
မိုးညှင်း၊ မိုးကောင်း ၊ မြစ်ကြီးနား၊ တနိုင်း စတဲ့ မြို့နယ်တွေက ကျေးရွာတွေတစ်ဝိုက်မှာလည်း ဒေသခံတောင် သူတွေနဲ့ အရပ်သားတွေ မကြာခဏ မိုင်းပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။