မင်းဓမ္မပန်းဆိုင်ခန်းတွေ မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်က ပန်းရောင်းတဲ့ ဆိုင်ခန်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သာကေတမြို့နယ် ဘက် ပြောင်းရွှေ့ခိုင်းတာကို မကျေနပ်ကြတဲ့အတွက် ရာနဲ့ချီတဲ့ ဆိုင်ခန်းပိုင်ရှင်တွေ ဒီကနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
-
2013-05-28 -
-
-
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်က ပန်းရောင်းတဲ့ ဆိုင်ခန်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သာကေတမြို့နယ်ဘက် ပြောင်းရွှေ့ခိုင်းတာကို မကျေနပ်ကြတဲ့အတွက် ရာနဲ့ချီတဲ့ ဆိုင်ခန်းပိုင်ရှင်တွေ ဒီကနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
မြန်မာပြည်မြို့အတော်များများဆီ ပန်းတွေတင်ပို့ရောင်းချနေတဲ့ အဲဒီဆိုင်ခန်းနေရာကို ဒုတိယ အထူးစီးပွားရေးစီမံကိန်း တည်ဆောက်မယ်ဆိုတဲ့ စီမံကိန်းကြောင့် အာဏာပိုင်တွေက ပြောင်းရွှေ့ခိုင်းတာလို့ ဆိုင်ခန်းရှင်တွေက ပြောပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်တွေကို ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်နီဝါလွင်က အခုလို ပြောပါတယ်။
"မင်းဓမ္မပန်းကွင်းကြီး မပြောင်းရွှေ့ရေး၊ မြို့တော်ရဲ့ ဒုတိယစီးပွားရေး စီမံကိန်းမှာ ဆက်လက်ပါဝင်ခွင့်ပြုရေး တောင်းဆိုတဲ့ ဆန္ဒတစ်ခုရယ်၊ ကျွန်မတို့ကို ရေ၊ မီးဖြတ်တောက်နေတာရယ်၊ ဆိုင်ခန်းတွေကို ဘူဒိုဇာနဲ့ ဖျက်ဆီးနေတာရယ်စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်မတို့ ပြည်သူလူထုက ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်"
မင်းဓမ္မပန်းကွင်းမှာ ဆိုင်ခန်းပေါင်း ၅၀၀ကျော်လောက်ရှိပြီး ၉၀ ရာခိုင်နှုန်းလောက်က မပြောင်းလိုကြောင်း ပြောပါတယ်။
အဲဒီဆိုင်ခန်းတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နဲ့ အားကစားဌာနကို နှစ်စဉ် ကျပ်သိန်း ၈၀၀ ကျော် အခွန်ပေးဆောင်ပြီး ဖွင့်လှစ်ခဲ့တာလို့လည်း သိရပါတယ်။