ဒီမိုကရေစီရေးအတွက် လက်နက် စွန့်ကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တိုက်တွန်း
လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်လို့ မရနိုင်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ် ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ တောင်း ဆိုမှုတွေပြုလုပ်ကြဖို့ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
-
2016-02-23 -
-
-
လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်လို့ မရနိုင်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ တောင်းဆိုမှုတွေပြုလုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
မနေ့က ကလောတပ်နယ်၊ စစ်ဦးစီးတက္ကသိုလ်မှာ သင်တန်းသားတွေ အရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာကို ဒီနေ့ထုတ် မြဝတီသတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ပြဌာန်းချက်တွေ အတိုင်း ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို သင့်တော်တဲ့ အချိန်မှာ ပြုပြင်ရမှာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဒါ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုနဲ့ စည်းလုံးညီညွတ်မှုမရှိ ရင် နိုင်ငံဖံ့ွဖြိုးတိုးတက်မှု မရှိနိုင်ကြောင်း ပြောခဲ့တယ်လို့လည်း သိရပါတယ်။