ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ၃၉ ဦးနဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ဗြိတိန်အရေးယူမှု ထပ်တိုး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိပ်တန်း ခေါင်းဆောင်တွေအပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး နဲ့ ကုမ္ပဏီ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ဆက်လက် ပိတ်ဆို့အရေးယူသွားမယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Reuters

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိပ်တန်း ခေါင်းဆောင်တွေအပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦး နဲ့ ကုမ္ပဏီ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ဆက်လက် ပိတ်ဆို့အရေးယူသွားမယ်လို့ ဗြိတိန်အစိုးရက ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီထဲမှာ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့လည်းပါဝင်ပါတယ်။

ထပ်တိုးပိတ်ဆို့စာရင်းထဲမှာ ထူးကုမ္ပဏီအုပ်စုက ဦးတေဇ နဲ့ သားနှစ်ဦး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ ပါဝင်နေပြီး၊ စစ်ကောင်စီလေတပ်ကို လေယာဉ်လောင်စာဆီ တင်သွင်းနေတဲ့ Shoon Energy ကုမ္ပဏီဒါရိုက်တာ ဒေါ်ခင်ဖြူဝင်း၊ Star Sapphire Trading ကုမ္ပဏီက လက်နက်ပွဲစား ဦးထွန်းမင်းလတ်တို့လည်းပါဝင်ပါတယ်။

ဒါ့အပြင် ထူးကုမ္ပဏီ ၊ ဒေါက်တာနိုင်ထွဋ်အောင်ရဲ့ International Gateways Group အပါအဝင် ကုမ္ပဏီ ၂၂ ခု၊ မြန်မာစစ်ဘက်ရေးရာ လုံခြုံရေးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ခြေမြန်တပ်မ ၃၃၊ ၇၇ နဲ့ ၉၉ အပါအဝင် စစ်တပ်အဖွဲ့အစည်း ကိုးဖွဲ့ တို့ကိုလည်း ဗြိတိန်က ထပ်တိုးပိတ်ဆို့အရေးယူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org