ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်ဖို့ စီစဉ်နေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူးကို မျှော်မှန်းထားကြောင်း သတင်းရရှိတယ်လို့ Nikkei Asia သတင်းက ဒီကနေ့ ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်။ Photo: HANDOUT / RUSSIAN FOREIGN MINISTRY / AFP

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတရာထူးကို မျှော်မှန်းထားကြောင်း သတင်းရရှိတယ် လို့ Nikkei Asia သတင်းက ဒီကနေ့ ဖော်ပြပါတယ်။

လူသိရှင်ကြားတစ်ခါမှ ထုတ်ဖော်ပြောတာမရှိပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ အိပ်မက်ကို ကာလရှည်ကြာဆုပ်ကိုင်ထားကြောင်း၊ သေချာပေါက် သမ္မတ ဖြစ်အောင်လုပ်မှာဖြစ်ကြောင်း သူနဲ့ နီးစပ်တဲ့ တပ်မတော်အရာရှိထံက သိရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အခုဆိုရင် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လာမယ့် ၂ဝ၂၃ သြဂုတ်လမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရပ်တည်ချက်ကို ခိုင်မာအောင် စတင်လုပ်ဆောင်နေတာကြောင့် မကြာမီမှာ သူ့ရဲ့ သမ္မတဖြစ်ဖို့ အိပ်မက် လက်တွေ့ဖြစ်လာနိုင်ပုံရတယ်လို့ Nikkei Asia က ဆိုပါတယ်။

လက်ရှိမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဗိုလ်မှူးချုပ်ဟောင်း ခင်ရီက ဦးဆောင်နေတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အခု ပါတီတွင်း အငြိမ်းစားအရာရှိ အများအပြားကို ကိုယ်စားလှယ် လောင်း အဖြစ် ဒါမှမဟုတ် မဲဆွယ်စည်းရုံးရာမှာ ပါဝင်ကူညီဖို့ စီစဉ်နေတယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org