ထောင်ကလွတ်ဖို့ ကိုမင်းကိုနိုင် မျှော်လင့်ထားပုံမရ

ပြီးခဲ့တဲ့ရက်ပိုင်းက ကျိုင်းတုံ ထောင်ကနေ သရက်ထောင်ကို ရွှေ့ပြောင်းခံရတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ထောင်ကလွတ်ဖို့ မျှော်လင့်ထားပုံ မရကြောင်း မိသားစုဝင်တွေက ပြောဆိုတယ်လို့ သိရပါတယ်။

၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်ကိုနိုင် က သူ့၏နေအိမ်တွင် သတင်းစာရှင်းလင်ပွဲ ပြုလုပ်ခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့စဉ် ရိုက်ကူးထားသော ပုံဖြစ်ပါသည်။ RFA

မနေ့က သရက်ထောင်မှာ မိသားစုနဲ့ မိနစ် ၂၀ ကြာ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တယ်လို့ မိသားစုနဲ့အတူ လိုက်ပါသွားတဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်သူက အာရ်အက်ဖ်အေကို ပြောပါတယ်။

ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ ကိုမင်းကိုနိုင်ဟာ ကျိုင်းတုံ အကျဉ်းထောင်မှာ ကျန်းမာရေး ချို့တဲ့ခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေမှာလည်း လမ်းလျှောက်တဲ့အခါ လူကောင်းတစ်ယောက်လို မလျှောက်နိုင်ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အရှိန်အဟုန်မြှင့် လှုပ်ရှားသွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org