ပလက်ဝက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီ နေရပ်ပြန်ခိုင်း

၂၀၁၉ ခုနှစ်က စစ်တပ်နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့ပေါ် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်ထဲက အချို့ကို စစ်ကောင်စီက နေရပ်ပြန်ခိုင်းထားတယ်လို့ ပလက်ဝ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံက ပြောပါတယ်။

ပလက်ဝမြို့နယ် ဆမီးမြို့မှာ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၀ မေ ၂၈ ရက်နေ့က တွေ့ရစဥ်

၂၀၁၉ ခုနှစ်က စစ်တပ်နဲ့ ရခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့ပေါ် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်ထဲက အချို့ကို စစ်ကောင်စီက နေရပ်ပြန်ခိုင်းထားတယ်လို့ ပလက်၀စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံက ပြောပါတယ်။

အောက်တိုဘာလ ၂၆ ရက်ကနေ အောက်တိုဘာလ ၂၉ ရက် ဒီနေ့အတွင်း အန်ခိုဝ၊ ပလက်ချောင်းဝ၊ စီးဖလောင်၊ တမန်းသာ၊ အောက်မီးလက်ဝ၊ စိမ့်ဆင်း၊ ငဗွေး၊ ဘောင်ဝ၊ အောင်တဲမဝ စတဲ့ ရွာကိုးရွာက စစ်ဘေးဒုက္ခသည် ၆၀၀ နီးပါး နေရပ်ကိုပြန်သွားကြရတယ်လို့ ဆိုပါတယ်။

“ခုနေရပ်ပြန်ခိုင်းတာက ရွာပေါင်း ကိုးရွာပေါ့၊ ကျန်တဲ့ရွာတွေလည်းပြန်ဖို့ရှိပါတယ်၊ ဒီနေ့ကျနော်တို့လည်း ပြန်ရမယ်၊ ပြည်နယ်အစိုးရကပြန်ခိုင်းတာ၊ နေရပ်ပြန်နိုင်ဖို့အတွက် စစ်တပ်ကစီစဉ်ပြီး လိုက်ပို့ပေးတယ်၊ အစားအသောက်လည်းပေးတယ်၊ WFP ကတော့ စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ဆား အဓိကထောက်ပံ့ ပေးတယ်” လို့ စခန်းတာဝန်ခံ ဦးကြာလော့အောင်က RFA ကို ပြောပါတယ်။

ချင်းပြည်နယ်(တောင်ပိုင်း) ပလက်ဝမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်း ငါးခုမှာ ဒေသခံ ၅၀၀၀ ကျော်ရှိပြီး လက်ရှိကျန်တဲ့ ၄၀၀၀ ကျော်အပါအဝင် ဆမီးမြို့က စစ်ဘေးဒုက္ခသည်တွေလည်း နေရပ်မပြန်ကြရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ ပလက်၀မြို့ပေါ်က ပလက်ဝဘောလုံးကွင်း၊ စိုက်ပျိုးရေး၊ အ.ထ.က ကျောင်း၊ ဝိတိုရိယဘုန်ကြီး ကျောင်းနဲ့ RC ဘုရားကျောင်းတို့မှာ စစ်ဘေးဒုက္ခသည်စခန်းတွေ ဖွင့်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org