တပ်ပိုင်လုပ်ငန်း ငါးခုကို အသုံးမပြုဆန့်ကျင်တဲ့စာရင်းထဲ Burma Campaign UK ထည့်သွင်း

ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ဟာ အသစ်ထပ်မံတွေ့ရှိတဲ့ မြန်မာစစ်တပ်ပိုင် လုပ်ငန်းငါးခုကို အသုံးမပြုဘဲ သပိတ်မှောက်ဆန့်ကျင်တဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တဲ့အကြောင်း မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်တပ်ပိုင် နေပြည်တော်မှ NayPyiDaw Wholesale အရောင်းဆိုင်အား တွေ့ရစဉ်။ Naypyitaw Wholesale

ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ဟာ အသစ်ထပ်မံတွေ့ရှိတဲ့ မြန်မာစစ်တပ်ပိုင် လုပ်ငန်းငါးခုကို အသုံးမပြုဘဲ သပိတ်မှောက်ဆန့်ကျင်တဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တဲ့အကြောင်း မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ပုသိမ်မြို့က Angel Bristro စားသောက်ဆိုင်၊ နေပြည်တော်က NayPyiDaw Wholesale အရောင်းဆိုင်၊ ရန်ကုန်မြို့က မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း၊ ကြယ်ငါးပွင့် ဆိပ်ကမ်း၊ ရန်ကုန်မြို့က Thateka Wharf နဲ့ Gandamar Wholesale အရောင်းဆိုင်တွေဟာ စစ်တပ်ပိုင်လုပ်ငန်းတွေဖြစ်တဲ့အတွက် သပိတ်မှောက်ရမယ့် စာရင်းထဲမှာ ထည့်သွင်း လိုက်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီစာရင်းထဲက အရင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလိုင်းပိုင် ရမ်းဗြဲ ကုန်တင်ရေယာဉ် ကိုတော့၊ ကြယ်ငါးပွင့် သင်္ဘောလိုင်းကနေ ရောင်းချလိုက်ပြီးဖြစ်တဲ့အတွက် ဒီစာရင်းထဲကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။

Burma Campaign UK ရဲ့ သပိတ်မှောက်တဲ့စာရင်းထဲမှာ မြန်မာစစ်တပ်ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ဒီလုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ၊ အမှတ်တံဆိပ်တွေ၊ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

မြန်မာစစ်တပ်ပိုင် လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြုတာဟာ၊ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ကူညီပံ့ပိုးရာရောက်တဲ့အတွက် မြန်မာပြည်သူတွေ အပြင်၊ သံရုံးတွေ၊ နိုင်ငံတကာ ကုမ္ပဏီတွေ၊ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီစာရင်းထဲမှာပါတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ကုန်ပစ္စည်းတွေကို အသုံးမပြုကြဖို့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က တိုက်တွန်းကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org