မတူပီမြို့ ခလရ ၁၄၀ ဗျူဟာကုန်းကို သိမ်းယူဖို့ ချင်းညီနောင်အဖွဲ့ ထိုးစစ်ဆင်နေ

မတူပီမြို့မှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ ၁၄၀ ဗျုဟာကုန်းသိမ်းဖို့ ချင်းညီနောင်အဖွဲ့တွေက ထိုးစစ်ဆင်နေတယ်ပါတယ်။

ချင်းပြည်နယ် မတူပီမြို့မှ စစ်ကောင်စီ၏ ခမရ (၃၀၄) တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ချင်းညီနောင်တပ်ဖွဲ့များ ထုတ်ပြန်ခဲ့စဉ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ဓာတ်ပုံ

ချင်းပြည်နယ် မတူပီမြို့မှာရှိတဲ့ ခြေလျင်တပ်ရင်း ခလရ ၁၄၀ ဗျုဟာကုန်းသိမ်းဖို့ ချင်းညီနောင်အဖွဲ့တွေက ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ဗျူဟာကုန်းအနီးက ကာကင်းစခန်းတချို့ကို သိမ်းယူထားနိုင်ပြီလို့ ဇွန်လ ၂၅ ရက်မှာ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ပါတယ်။

မတူပီအခြေစိုက် ခလရ ၃၀၄ တပ်ရင်း အပါအဝင် ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေကို ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၇ ရက်ကတည်းက သိမ်းယူခဲ့တာပါ။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ အလားတူ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းနဲ့ ဆက်သွယ်ထားပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ခလရ ၁၄၀ ဗျူဟာကုန်း အပါအဝင် မတူပီတစ်မြို့လုံး သိမ်းနိုင်ဖို့ ကြိုးစားနေတယ်လို့ ချင်းညီနောင်အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတူပီမြို့ကို သိမ်းယူဖို့ ဇွန်လ ၉ ရက်နေ့မှာ ချင်းညီနောင်အဖွဲ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော် (AA ) နဲ့ ယောတပ်မတော် (Yaw Army) စတဲ့ မဟာမိတ်အဖွဲ့တွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org