မန္တလေးမြို့က သပိတ်စစ်ကြောင်း နှစ်ခု ဖြိုခွင်းခံရ

မန္တလေးမြို့က ရတနာပုံ တက္ကသိုလ်ကျောင်းသား​တွေ ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြနေချိန်မှာ စစ်ကောင်စီတပ်တွေ လာရောက် ဖြိုခွဲခဲ့ပြီး ကျောင်းသားခြောက်ယောက် အဖမ်းခံခဲ့ရပါတယ်။

မန္တလေးမြို့က ရတနာပုံတက္ကသိုလ်ကျောင်းသား​တွေ သပိတ်နဲ့ သပိတ်တပ်​ပေါင်းစုသပိတ်တွေ ၂၀၂၁ ဧပြီလ ၂၈ ရက်နေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြနေစဥ် Photo: MPS

မန္တလေးမြို့က ရတနာပုံတက္ကသိုလ်ကျောင်းသား​တွေ သပိတ်နဲ့ သပိတ်တပ်​ပေါင်းစုသပိတ်တွေ ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြနေစဥ် စစ်ကောင်စီတပ်တွေ လာရောက်ဖြိုခွဲခဲ့တယ်လို့ သပိတ်အဖွဲ့မှာ ပါဝင်သူတွေက ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကားနဲ့ လာနေတာတွေ့တာနဲ့ သပိတ်တပ်ပေါင်းစုကတော့ လူစုခွဲနိုင်ခဲ့တယ်။ ရတနာပုံတက္ကသိုလ် ကျောင်းသားတွေအဖွဲ့ကတော့ ဖမ်းခံရတယ် ကြားတယ်လို့ သပိတ်တပ်ပေါင်းစုမှာ ပါဝင်သူတစ်ယောက်က RFA ကိုပြောပါတယ်။

ရတနာပုံတက္ကသိုလ် ကျောင်းသားတွေ သပိတ်ကတော့ အနည်းဆုံး ခြောက်ယောက်လောက် ဖမ်းခံခဲ့ ရပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေက လမ်းသွား လမ်းလာတွေကို စစ်ဆေးတာတွေ ပြုလုပ်နေပေမယ့် ပြည်သူတွေဟာ စစ်အာဏာရှင် တပ်တွေကို ရှောင်ကွင်းပြီး ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။

အစိုးရပိုင်ဘဏ်တွေ ရှေ့မှာတော့ လမ်းတွေ တစ်ခြမ်း ပိတ်ထားပြီး စစ်ကောင်စီတပ်တွေဟာ သဲအိတ် အကာအရံတွေနဲ့ လုံခြုံရေး ဆောင်ရွက်နေတာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org