သိမ်းဆည်း ယာမြေဧက ၂ဝဝဝ ကျော်အတွက် မကွေးလယ်သမားတွေ ဆန္ဒပြ

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကြာကန်ကျေးရွာမှာ ဒေသခံ လယ်သမား ၃၀၀ လောက်က မကွေးနဲ့ နတ်မောက်မြို့နယ်တွေအတွင်း အကြောင်းအမျိုးမျိုးပြပြီး သိမ်းထားတဲ့ လယ်မြေဧက နှစ်ထောင်ကျော်ကို ပြန်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကြာကန်ကျေးရွာမှာ ဒေသခံ လယ်သမား ၃၀၀ လောက်က မကွေးနဲ့ နတ်မောက် မြို့နယ်တွေအတွင်း အကြောင်းအမျိုးမျိုးပြပြီး သိမ်းထားတဲ့ လယ်မြေဧက နှစ်ထောင်ကျော်ကို ပြန်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လယ်မြေတွေ ဆုံးရံှုးခဲ့တာအပြင် နစ်နာကြေးပါမရခဲ့တာကြောင့် ဆန္ဒပြတောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကြာကန်ကျေးရွာသား ကိုဇော်မင်းထိုက်က အခုလို ပြောပါတယ်။

"လယ်ယာမြေ ဥပဒေ စခန်းရပ်အပိုဒ် ၆၆ မှာက နိုင်ငံတော်အစိုးရက ဖောက်ဖျက်ရင်လည်း နိုင်ငံတော် က နစ်နာကြေးပေးရမယ်လို့ လယ်ယာမြေ ဥပဒေမှာ အတည်ပြုပြဌာန်းထားတာပါတယ်ဗျာ သို့ပေမယ့် လို့ ကျနော်တို့ တောင်သူတွေကို ထန်းပင်တွေ နစ်နာဆုံးရှှုံးတယ်၊ ကျွန်းပင် အစရှိတဲ့ နှစ်ရှည်ပင်တွေ လည်း ဆုံးရှှုံးတယ်၊ ဘယ်သူကမှ တပြားတချပ်မှ နစ်နာဆုံးရှှုံးကြေးမပေးဘူးဗျ၊ အဲ့ဒါကို အပေါ်ကပေး ပြီးတော့ အောက် ကပဲ မမီတာလား၊ ဒါမှမဟုတ် ဘယ်သူကမှပဲ မပေးတာလားဆိုတာ နိုင်ငံတော် သမ္မတ သိစေချင်တယ်၊ အထက်လူကြီးတွေ သိစေချင်တယ်၊ အဲ့ဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ တောင် သူတွေ နစ်နာကြေးလိုချင်လို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်ဗျာ"

အဲ့ဒီ လယ်ယာမြေဧက ၂၀၀၀ ကျော်ကို မကွေး-နတ်မောက်ရထားလမ်း စီမံကိန်း ၊ ရွှေသဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြတ်မယ့်လမ်းကြောင်း၊ မကွေး လေယာဉ်ကွင်းစီမံကိန်းနဲ့ မကွေးမြို့ လေတပ်စခန်းဌာနချုပ်အတွက်ဆိုပြီး သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို မကွေးနဲ့ နတ်မောက်မြို့နယ်တွေက ကြာကန်၊ ကျည်တလုံး၊ လိပ်ကမ်း၊ ညောင်ကန်၊ ရွာသစ်ကြီး၊ ကံလှစတဲ့ ကျေးရွာပေါင်း ၁၉ ရွာက ပူးပေါင်းဆန္ဒပြတောင်းဆိုတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org