ကုလအစီရင်ခံစာနဲ့ ပတ်သက် ပြီး မောင်တောက ကျေးရွာ ၁၇ ရွာကို ကွင်းဆင်းလေ့လာ
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန် တဲ့ မောင်တောအရေး အစီရင်ခံစာအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်တွေဟာ အခုလ ၁၀ ရက်နေ့ က စတင်ပြီး မောင်တောမြို့နယ်အတွင်းက ရွာပေါင်း ၁၇ ကို သွားရောက် လေ့လာခဲ့ပါတယ်။
-
2017-02-14 -
-
-
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ မောင်တောအရေး အစီရင်ခံစာအပေါ် စုံစမ်းစစ်ဆေးဖို့အတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေဟာ အခုလ ၁၀ ရက်နေ့က စတင်ပြီး မောင်တောမြို့နယ်အတွင်းက ရွာပေါင်း ၁၇ ကို သွားရောက်လေ့လာခဲ့ပါတယ်။
ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ မြေပြင်အနေအထားမှာ ကွဲလွဲမှုတွေရှိနေတာကို တွေ့ခဲ့ရတယ် လို့ ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော က ပြောပါတယ်။
"ကျနော်တို့ မေးမြန်းသလောက်ဆိုရင် Body Sex ပေါ့ အဲလိုမျိုးဟာတွေတော့ရှိတယ်။ ဒါပေမဲ့ report ထဲမှာပါတဲ့ တော်တော်လွန်လွန်ကျူးကျူးကိစ္စတွေတော့ အဲလောက်ထိ ဆိုးဝါးတာတွေတော့ ကျနော်တို့ မတွေ့ရဘူး။ အမျိုးသမီး Body Sex လုပ်တာတွေဘာတွေ ဒီလိုအခြေအနေမျိုးတော့ရှိခဲ့တယ်။ ဥပမာ အားဖြင့် ကျနော်ကွဲလွဲချက်ကို ပြောပြရမယ်ဆိုရင် လောင်းလုံမှာဆိုရင် အမျိုးသမီးတွေကို ကွင်းပြင်ထဲမှာ အုပ်စုလိုက် အမျိုးသမီး ၁၀ ယောက်ကျော်ကျော်လောက်ကို ဝတ်လစ်စလစ်နဲ့ နေခိုင်းပြီးတော့ မဖွယ် မရာပြုတယ်ဆိုတဲ့ ဟာမျိုးလေးတွေ စွပ်စွဲထားတဲ့အပေါ်မှာ ကျနော်တို့ သေချာမေးမြန်းကြည့်တဲ့အခါမှာ အဲ့လိုမျိုးဖြစ်စဉ်မရှိဘူး။"
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူ လူပေါင်း ၂၀၀ ကျော်ကို မေးမြန်းပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့တွေက အမျိုးသမီးတွေကို အဓမ္မပြုကျင့် တာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ၊ မီးရှို့သတ်ဖြတ်တာတွေအထိ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေက အစီရင်ခံစာမှာပါရှိတဲ့ မောင်တောမြို့နယ်အတွင်း က ကျေးရွာတွေကို သွားရောက်ပြီး အစီရင်ခံစာနဲ့ ပတ်သက်လို့ မှန်ကန်မှုရှိ မရှိ သွားရောက်စုံစမ်းရာမှာ အမျိုး သမီးတွေကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ သတင်းတွေကြားသိရတာရှိပေမယ့် တချို့အချက်တွေဟာ ပြင်းပြင်း ထန်ထန် ရေးသားထားတာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေဟာ အခုလ ၁၀ ရက်နေ့က စတင်ပြီး မောင်တောမြို့နယ် ကို ရောက်ရှိနေတာဖြစ်ပြီး ဒီနေ့မှရောက်ရှိလာတဲ့ ကော်မရှင် ဥက္ကဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ကော်မရှင်အဖွဲ့ ဝင်တွေဟာ ဘူးသီးတောင်အကျဉ်းထောင်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးတေ့ွရှိချက်တွေကို နိုင်ငံတော်သမ္မတထံ တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။