လှိုင်သာယာ ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ဆက်လက်ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲက နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံက သဘောတူခဲ့ပေမဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူးတစ်ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျော တာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက်ဆန္ဒပြနေ ကြပါတယ်။

လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် တောင်းဆိုနေတဲ့ အချက်တွေထဲ က နေ့စားခတိုးပေးဖို့အချက်ကို စက်ရုံကသဘောတူ ခဲ့ပေမဲ့ လုပ်ငန်းခွင်ကြီးကြပ်ရေးမှူး တစ်ဦးကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုထားတာကို မလိုက်လျောတာကြောင့် အလုပ်သမားတွေ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

အလုပ်ခွင်ကြီးကြပ်ရေးမှူးအနေနဲ့ ဆန္ဒပြအလုပ် သမားတွေကို တောင်းပန်မယ်ဆိုရင် ကျေနပ် နိုင်ကြောင်း  ဆန္ဒပြရာမှာပါဝင်တဲ့ စက်ရုံ အလုပ်သမတစ်ဦးက ပြောပါတယ်။

"ကျမတို့ဘက်က ဒီကလေးတွေကို သူတောင်းပန်ပေါ့နော်၊ သူကအဲလိုတောင်းပန်ဖို့ သူ့မှာအစီအစဉ်မရှိဘူးတဲ့၊ သူမပြုတ်မချင်း ကျမတို့က အပြင်မှာပဲနေမယ်လို့ ဆုံးဖြတ်ထားပါ တယ်၊ အခုသူတို့ကပေါ့နော် ဒီလူတွေကို ဘာမှလုပ်မပေးပဲနဲ့ အသစ်လူတွေကို ခေါ်နေတဲ့ဆိုင်းဘုတ်တွေ ကပ်နေတယ်"

Master Sport ဖိနပ်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကတည်း က နေ့စားခတိုးပေးဖို့၊ လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးကို ထုတ်ပေးဖို့ အပါအဝင် အချက် ၁၀ ချက်ကိုတောင်းဆို ဆန္ဒပြခဲ့ကြတာပါ။ အလုပ်သမားတွေက နေ့စားခ တစ်နာရီ ၁၅၀ ကျပ်ကနေ ၂၅၀ တိုးပေးဖို့ တောင်းဆိုရာမှာ အလုပ်ရှင်ဘက်က တစ်နာရီ ၁၇၀ ကျပ်တိုးပေးဖို့ သဘောတူခဲ့ပါတယ်။

လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးဟာ အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာတွေရှိတဲ့အတွက် နှုတ်ထွက်ပေး ဖို့ တောင်းဆိုနေကြတာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org